October 18, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်တိုင်းဒေသကြီးမှာ မောင်းနှင်လျက်ရှိနေတဲ့ တက္ကစီကားတွေကို CNG စနစ်ကနေ LPG စနစ်ပြောင်းလဲ အသုံးပြုသွားဖို့ လက်ရှိမှာ မဖြစ်နိုင်သေးကြောင်းကို စွမ်းအင်ဝန်ကြီးငှာနမော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ရောင်းချရေးငှာနက တဆင့်သိရှိရတာပဲဖြစ်ပါတယ်။

စွမ်းအင်ဝန်ကြီးငှာနမော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ရောင်းချရေးငှာန တာဝန်ရှိသူတစ်ဉီးက

” အပြင်​မှာထွက်​​နေသလို တက္ကစီတွေကို CNG က​နေ LPG ကို ​ပြောင်​းလဲမယ်​ဆိုတာ မဟုတ်​ပါဘူး။ လုပ်​ဖို့ကလည်​း မဖြစ်​နိုင်​​သေးဘူး။ တက္ကစီ​တွေကို အရင်​ထဲက CNG ​ပေးထားတဲ့ကား​တွေ ဖြစ်​​နေတာ။ တက္ကစီတွေအတွက်​ CNG ​ပေး​နေရတာ​တော့ များ​နေတယ်​။ ​နောက်​ပိုင်​းအသစ်​ဝင်​တဲ့ကား​တွေကို​တော့ CNG ချမ​ပေး​တော့ပါဘူး။“

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာ ရာသက်ပန်တက္ကစီတွေနဲ့ ရာသက်ပန်မဟုတ်တဲ့ အက္ခရာအငှားယာဉ် တက္ကစီ အစီးရေစုစုပေါင်း ၆ သောင်း ၈ ထောင်ကျော်ရှိနေပြီး CNG ဓာတ်ငွေ့အသုံးပြုနေတဲ့ ကားအစီးရေဟာ ၁ သောင်း ၆ ထောင်ကျော်သာရှိနေတယ်လို့ သိရှိရပါတယ်။ တက္ကစီအစီးရေအားလုံးသာမက ခရီးသည်တင် YBS ကားတွေကို လက်ရှိမှာ CNG ဓာတ်ငွေ့ ကုဗပေ ၂၁ သန်းနီးပါးအထိရောင်းချပေးနေတာဖြစ်တယ်လို့ လဲသိရှိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories