May 23, 2018

We ❤️ New Cars!

New Car News in Burmese

International Geneva Motor Show ကို ၂၀၁၈ မတ်လထဲမှာကျင်းပမှာဖြစ်ပါတယ်။ ရက်ကတော့ မတ်လ ၈ ရက်နေ့(ကြာသပသေး) ကနေ ၁၈ ရက်နေ့(တနင်္ဂနွေ) အထိပါ။ ကျင်းပမယ့်နေရာကတော့ Swiss မှာရှိတဲ့ Geneva မှာဖြစ်ပါတယ်။ International Geneva Motor Show က ၁၉၀၅ ခုနှစ်ထဲက မတ်လတိုင်းကျင်းပလာတဲ့ Car Event တစ်ခုဖြစ်အခု ကျင်းပမယ့် ပွဲက ၈၈ ကြိမ်မြောက်ပါ။ ၁၉၆၁ ခုနှစ်မှာကျင်းပခဲ့တဲ့ ပွဲမှာဆိုရင် Jaguar Company က Legendary E-Type model ကို ထုတ်လုပ်ဖြန့်ချီခဲ့ဖူးပါတယ်။ အခု ကျင်းပမယ့်ပွဲ မှာတော့ ကားအလန်းစားတွေဖြစ်တဲ့ Lamborghini Centenario နဲ့ McLaren P1 အစရှိတဲ့ကား တွေကိုပြသသွားမှာဖြစ်ပါတယ်။

လက်မှတ်ကတော့ Online Ticket System ဖြစ်ပြီး အောက်ပါ Link ကနေသွားရောက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

https://www.gims.swiss/en/

လက်မှတ်ရောင်းချမှုအနေနဲ့ကတော့ လူကြီးပိုင်းဆို CHF 16 ပါ။ အသက် ၆ နှစ်ကနေ ၁၆ နှစ်အတွင်းဆိုရင်တော့ CHF 9 ပဲပေးရမှာဖြစ်ပါတယ်။ အယောက် ၂၀ ကျော် အဖွဲ့နဲ့သွားမယ်ဆိုရင်တော့ တစ်ယောက်ကို CHF 9 သာပေးရမှာပါ။

1 CHF က 1 USD dollar နီးပါးနဲ့ညီမျှပါတယ်။ ဒသမလောက်ပဲကွာတာကြောင့် 1 USD လို့သတ်မှတ်နိုင်ပါတယ်။ ကျွန်တော်တို့မြန်မာငွေနဲ့ပြန်ပြောင်းတွက်လိုက်ရင် ပွဲသွားဖို့ မိတ်ဆွေရဲ့ကုန်ကျမယ့် စရိတ်ကိုသိရမှာပါ။ ဒါကတော့ ပွဲသွားမယ့်သူ (သို့) ပွဲသွားချင်သူတွေအတွက်ပါ။

Online မှာလက်မှတ်ရောင်းချနေတာ အနည်းငယ် ကြာမြင့်နေပြီဖြစ်ပါတယ်။ နှစ်လည်းကုန်ခါနီး ပွဲကျင်းပမယ့် အချိန်နဲ့လည်းနီးလာတာကြောင့် ကျွန်တော်တို့ဘက်က သတင်းအနေနဲ့ ပြန်လည်ဖော်ပြတာပဲဖြစ်ပါတယ်။ ၂၀၁၈ မှာကျင်းပမယ့် Car Event တွေကိုအခုလိုမျိုး လက်တို့အသိပေးဖို့ရှိသေးတာကြောင့် ဆက်လိုက်စောင့်ကြည့်ဖို့ဖိတ်ခေါ်ပါရစေ။

 

 

 

Source : www.gims.swiss

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories