December 10, 2018

We ❤️ New Cars!

New Car News in Burmese

INFINITI အနေနဲ့ electrified powertrains တွေပါဝင်တဲ့ model အသစ်တွေကို ၂၀၂၁ ကစတင်ပြီးဖြ့န်ချီတော့မှာဖြစ်ပါတယ်။ INFINITI အနေနဲ့ Pure Electric Vehicle (EV) ကိုတော့ Detroit မှာကျင်းပနေဆဲဖြစ်တဲ့ 2018 North American International Auto Show မှာတည်းကမိတ်ဆက်ခဲ့ပြီးပြီဖြစ်ပါတယ်။ Model ကတော့ Q Inspiration ပါ။

Q Inspiration မှာပါဝင်တဲ့ Powertrain ဟာအရင် INFINITI model တွေမှာပါဝင်ခဲ့တဲ့ model တွေနဲ့ ကွဲထွက်နေပြီး Electrified Powertrain တွေဖြစ်နေပါတယ်။ Electrified Powertrain တွေကြောင့် ကားရဲ့ performance ကအရင်ကထက် ပိုမိုကောင်းလာမှာပဲဖြစ်ပါတယ်။ ၂၀၂၁ မှာဖြန့်ချီသွားမယ့် electrified powertrains ပါဝင်တဲ့ကားတွေကို Q Inspiration model ကြည့်ပြီးတော့ခန့်မှန်းနိုင်မှာပါ။


ဒါ့အပြင် INFINITI ဟာ EV တွေနဲ့ e-POWER vehicle တွေကိုပေါင်းစပ်ပြီး Low-emission vehicle tech ကိုဖန်တီးသွားမှာဖြစ်ပါတယ်။ အဲ့ဒီ Low-emission vehicle တွေကိုတော့ Nissan Motor ရဲ့ premium brand အဖြစ်ရောင်းချသွားမှာဖြစ်ပါတယ်။

e-POWER tech vehicle မှာတော့ စွမ်းရည်မြင့်မားတဲ့ဘက်ထရီကို အားသွင်းနိုင်တဲ့ သေးငယ်တဲ့ ဓာတ်ဆီအင်ဂျင်ပါဝင်နေမှာပါ။ EV တွေကို ပြင်ပကလျှပ်စစ်ဓာတ်အားသွင်း စရာမလိုပဲ ဓာတ်ဆီတစ်မျိုးတည်းကို သာအသုံးပြုပြီး စီးနှင်းနိုင်တဲ့ နည်းပညာပါ။ အလုပ်ရှုပ်သက်သာပြီး ငွေကုန်သက်သာအောင် ဖန်တီးထားတဲ့နည်းပညာဖြစ်တာကြောင့် တကယ်ကိုဟန်ကျပါတယ်။

“Hard work pays off” ဆိုတဲ့အတိုင်း INFINITI ဟာလည်း low-emission tech အပေါ်မှာသူတို့ကြိုးစားမှုအတွက် ၂၀၂၅ ရောက်ရင် global sales ရဲ့တစ်ဝက်က EV တွေဖြစ်ရမယ်လို့ ရလဒ်ကိုတော့မျှော်မှန်းလိုက်ပါပြီ။ INFINITI ရဲ့ကြိုးစားမှုကို ဘယ်လောက်အထိအကျိုးသက်ရောက်မလဲဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Auto News , New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories