June 21, 2018

We ❤️ New Cars!

New Car News in Burmese

INFINITI Engineering Academy ကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ငယ်ရွယ်ထက်မြက်ပြီးအရည်အချင်းရှိတဲ့ အင်ဂျင်နီယာတွေကို INFINITI နဲ့အလုပ်အတူတူတွဲလုပ်သွားနိုင်အောင်ဖန်တီးထားတာဖြစ်ပါတယ်။ ပြောရရင် အရည်အချင်းရှိတဲ့ လူတွေကို recruit လုပ်ဖို့ဖန်တီးထားတဲ့ပုံစံမျိုးပါ။ အဲ့လို အရည်အချင်းရှိသူတွေကို ခေါ်ယူတဲ့ INFINITI Engineering Academy မှာတော့ အင်ဂျင်နီယာကျောင်းသားတစ်ဉီးဖြစ်သူ Chase Pelletier ဟာ 2018 Canadian Winner အဖြစ်ရွေးချယ်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။

Chase ကတော့ အသက် ၂၂ နှစ်အရွယ်သာရှိပြီး အွန်တေးရီးယိုးပြည်နယ်မှာရှိတဲ့ ဘရမ်(မ်)တန်မ် မှာနေထိုင်တာဖြစ်ပါတယ်။ UOIT (University of Ontario Institute of Technology) ကအင်ဂျင်နီယာကျောင်းသားတစ်ဉီးလည်းဖြစ်ပါတယ်။ Chase အနေနဲ့ အခုလို INFINITI Engineering Academy မှာ Winner အဖြစ်ရွေးချယ်ခံလိုက်ရတာကြောင့် INFINITI, Renault Sport Formula One™ Team အစရှိတဲ့ အဖွဲ့အစည်းနဲ့ ကားနဲ့ပတ်သက်ရာလုပ်ငန်းတွေကို ပူးတွဲလုပ်ကိုင်ဖို့ အခွင့်အရေးရရှိသွားပြီပဲဖြစ်ပါတယ်။

အခုလို Winner တစ်ဉီးဖြစ်လာဖို့ Chase ဟာ Harvard University ထွက် Renault Sport Formula One™ Team က ပုဂ္ဂိုလ်တွေမေးတဲ့ အင်ဂျင်နီယာစာမေးပွဲတွေ၊ ဒိုင်လူကြီးတွေနဲ့ သီးသန့်အင်တာဗျူးတွေ၊ ပြိုင်ပွဲမှာပါဝင်တဲ့ကားအကြောင်းတွေ (ပြိုင်ကားအကြောင်း) အစရှိတွေကို ဖြေဆိုခဲ့ရုံသာမက မီဒီယာတွေနဲ့လည်း အမေး/အဖြေပုံစံမျိုး ရင်ဆိုင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အခုလို စစ်ဆေးမှုတွေကို Finalist ၉ ဉီးနဲ့အတူကျော်ဖြတ်လာပြီး Winner ဖြစ်လာတာကြောင့် တော်တော်လေးကို ပေါ့သေးသေးတော့မဟုတ်ဘူးဗျ။

အဲ့လို ထက်မြက်လှတဲ့ အင်ဂျင်နီယာတွေ အများကြီးပေါ်လာမယ်ဆိုရင် နောက်ပိုင်းကားမော်ဒယ်တွေမှာ မတူညီတဲ့ Feature တွေ၊ ထူးခြားတဲ့ Function အသစ်အသစ်တွေကို ပိုပြီးထိတွေ့နိုင်တော့မှာတော့အသေအချာပါပဲ။ ကွန်ဂရက်ပါ Chase Pelletier!

 

Source (INFINITI)

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories