October 18, 2018

We ❤️ New Cars!

New Car News in Burmese

Hyundai Sonata ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ ၂၀၁၈ မော်ဒယ်ရုပ်ထွက်ကတော့ အရင်နှစ်တွေကနဲ့မတူညီပဲ ထူးထူးခြားခြားကွဲထွက်နေတာပဲဖြစ်ပါတယ်။ 2.0 MPi ဓာတ်ဆီအင်ဂျင်အမျိုးအစားနဲ့အတူ 6 Speed Automotive နဲ့စတင်မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့ဆိုထား ပါတယ်။ တခြားနေရာဒေသအချို့မှာ ဝယ်ယူနိုင်ပြီဖြစ်ပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ “Coming Soon” အဆင့်သာရှိပါသေးတယ်။ Hyundai Sonata 2018 ရဲ့ထူးခြားလှတဲ့ရုပ်ထွက်တွေကတော့ 👇

 

 

 

 

 

Sonata ဟာ Hyundai ရဲ့ Mid-size Car ဖြစ်သလို အရောင်းရဆုံး Full-size Sedan ကားအမျိုးအစားထဲမှာပါဝင်ခဲ့ဖူးတာဖြစ်ပါတယ်။ ကောင်းမွန်လှတဲ့ဒီဇိုင်းအနေအထား၊ လုံခြုံမှုအားကောင်းမွန်မှု၊ နေရာကျယ်ဝန်းမှု၊ သက်သောင့်သက်သာရှိမှု စတဲ့အချက်တွေကြောင့် လူကြိုက်များပြီး ရောင်းချမှုအားကောင်းတဲ့ Sedan အမျိုးအစားဖြစ်နေတာလည်း မဆန်းပါဘူး။ Sonata ဟာ Sport ပုံစံ နဲ့ အသုံးအဆောင်တွေက Luxury ကားပုံစံမျိုး ဖြစ်နေတယ့် Sedan ကားအမျိုးအစားပဲဖြစ်ပါတယ်။ အဲ့တာကလည်း Sonata ရဲ့စွဲဆောင်မှုတစ်ခုလို့ဆိုရမှာပါ။

2018 Hyundai Sonata ကိုကျွန်တော်တို့မြန်မာနိုင်ငံမှာ စတင်ဝယ်ယူနိုင်မယ့် အချိန်ကိုတော့ တိတိကျကျဖော်ပြထားခြင်းမရှိသေးပါဘူး။ စတင်ဝယ်ယူနိုင်မယ့်အချိန်မသိရှိရသေးပေမယ့်စျေးနှုန်းကတော့ USD 4,0000 ကျော် (ကျပ် သိန်း ၅၀၀ ကျော် ၆၀၀ နီးပါး) လောက်အထိသွားမယ်လို့သိရှိထားရပါတယ်။

 

Source

Auto News , New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories