October 18, 2018

We ❤️ New Cars!

New Car News in Burmese

Hyundai Motor Co. ကတော့ next-generation hyundai အင်ဂျင်တွေ တီထွင်သွားဖို့အတွက် ဒေါ်လာ ၃၈၈ မီလီယံကို ရင်းနှီးသွားတော့မှာပဲဖြစ်ပါတယ်။ ရင်းနှီးငွေ ဒေါ်လာ ၃၈၈ မီလီယံထဲက ၄၀ မီလီယံနီးပါးကို အင်ဂျင်အသစ်တွေဖန်တီးစမ်းသပ်နိုင်ဖို့ စက်ရုံတည်ဆောက်ဖို့အတွက်အသုံးပြုသွားမှာပါ။ စက်ရုံကိုတော့ Alabama က Montgomery မြို့မှာ တည်ဆောက်သွားမှာဖြစ်ပြီး Hyundai ဟာစက်ရုံပြီးစီးမှုအချိန်ကို လာမယ့် ၂၀၁၈ နိုဝင်ဘာလမှာ ဖြစ်မယ်လို့ မျှော်မှန်းထားပါတယ်။ Next-generation အင်ဂျင်အသစ်တွေကိုတော့ လာမယ့် ၂၀၁၉ ခုနှစ် အလယ်ပိုင်းလောက် မှာစတင်တီထွင်သွားမှာ ဖြစ်တယ်လို့သိရှိရပါတယ်။

ကျန်ရှိနေတဲ့ရင်းနှီးငွေတွေကိုတော့ အင်ဂျင်အသစ်တွေစမ်းသပ်ဖန်တီးမှုနဲ့ Sonata, Elantra အစရှိတဲ့ Sedan ကားတွေနဲ့ CUV (Crossover utility vehicle) အမျိုးအစား Santa Fe တို့အတွက် အင်ဂျင်ထုတ်လုပ်မှုအပိုင်းမှာ အသုံးပြုသွားမှာဖြစ်တယ်လို့လဲသိရပါတယ်။ အခုလို Hyundai ရဲ့ရင်းနှီးမှုကြောင့် Montgomery မြို့မှာအလုပ်အကိုင် ၅၀ ပေါ်ထွက်လာခဲ့ပါတယ်။

Hyundai ဟာ Alabama မှာအခုမှပထမဉီးဆုံးစက်ရုံတည်ဆောက်ဖူးတာမဟုတ်ပဲ ၂၀၀၅ ခုနှစ်ကတည်းက စက်ရုံတည်ဆောက်ပြီးယာဉ်တွေဖန်တီးတည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိ Alabama Hyundai စက်ရုံမှာဆိုရင် အချိန်ပြည့်လုပ်ကိုင်သူ ၂ ထောင်ကျော်နဲ့ အဝေးကလုပ်ကိုင်သူဉီးရေ ၅၀၀ အထိရှိနေတယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ် နှစ်အလယ်ပိုင်းလောက်မှာ တွေ့ရှိရမယ့် Hyundai ရဲ့ Next-generation အင်ဂျင်တွေကို ဘယ်လိုတွေပြောင်းလဲသွားပြီး ဘယ်လောက်အတိုင်းအတာထက်ကောင်းမွန်လာမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်…

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories