Hyundai အနေနဲ့ SUV အမျိုးအစားဖြစ်တဲ့ Fourth-generation Santa Fe ရဲ့ပုံရိပ်ကို ပြီးခဲ့တဲ့ဇန်နဝါရီလ ကတစ်ခါချပြဖူးပါတယ်။ ပုံကအလင်းရောင်မဲ့နေတာကြောင့် ကားရဲ့ ပုံစံတောင်သေသေချာချာမပြောနိုင်တာကိုကြည့်ပြီးသူဆိုရင် သိပါတယ်။ အခု ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာတော့ Hyundai ဟာ Santa Fe အသစ်ရဲ့ အပြင်ပိုင်း/အတွင်းပိုင်း ဒီဇင်းပုံရိပ်စုံစုံလင်လင်ပါဝင်တဲ့ ပုံတွေကို ကျကျနနဖော်ပြလိုက်ပြီပဲဖြစ်ပါတယ်။
Hyundai Santa Fe SUV အမျိုးအစားကိုတော့ နွေဉီးရာသီ မတ်လမှာအစပိုင်းလောက်မှာကျင်းပမယ့် ၈၈ ကြိမ်မြောက် INTERNATIONAL GENEVA MOTOR SHOW မှာတရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Santa Fe SUV တွေကတော့ ရောင်းအားအကောင်းဆုံး ထိပ်တန်း SUV စာရင်းထဲမှာပါဝင်ခဲ့ဖူးပါတယ်။ မကြာခင်မိတ်ဆက်မယ့် Santa Fe SUV အသစ်ကရော ထိပ်တန်းစာရင်းထဲမှာ ထပ်မံပါဝင်လာဉီးမှာလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။