August 19, 2018

We ❤️ New Cars!

New Car News in Burmese

Hyundai Motor Myanmar အနေနဲ့သူ့ရဲ့ Road Show ကို လာမယ့် မတ်လ ၁၆ ရက်နေ့ (သောကြာနေ့) ကစတင်ပြီး မတ်လ ၁၈ ရက်နေ့ (တနင်္ဂနွေနေ့) အထိ ၃ ရက်တိုင်တိုင် မြန်မာပလာဇာမှာကျင်းပသွားမှာပဲဖြစ်ပါတယ်။ ကျင်းပမယ့်အချိန်ကတော့ နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီအထိပါ။ Hyundai ဟာအဲ့ဒီ Road Show မှာပဲ ကားအသစ်ကြီးဖြစ်တဲ့ 2018 Accent ကို မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။

Brand New Accent ဟာတော့ Sedan ကားအမျိုးအစားပါ။ ဓာတ်ဆီကားဖြစ်ပြီး 1.4-liter four-cylinder အင်ဂျင်တပ်ဆင်ထားပါတယ်။ ဆီစားနှုန်းကတော့ 16.4 km/L (High Way)၊ 14.1 km/L (Combined)၊ 12.6 km/L (City) အသီးအသီးတို့ပဲဖြစ်ပါတယ်။ 6-speed အော်တိုဂီယာဖြစ်ပြီး Power Window အဖွင့်အပိတ်၊ သော့မလိုကားစက်နှိုးမှုစနစ် အစရှိတာတွေပါ ပါဝင်ပါတယ်။ အတွင်းပိုင်းနေရာက ကျယ်ဝန်းလှသလို မောင်းနှင်သူနဲ့ အရှေ့ခန်းမှာလိုက်ပါစီးနှင်းသူတွေအတွက် လေအိတ်နှစ်လုံးတပ်ဆင်ထားပါတယ်။ ဒါ့အပြင် ကားအနောက်ဘက်မှာ အာရုံခံကိရိယာတွေတပ်ဆင်ပေးထားပြီး ကားပါကင်ထိုးချိန် (သို့) ကားအနောက်ဆုတ်ချိန်တွေမှာ ယာဉ်မောင်းမမြင်နိုင်တဲ့အရာတစ်ခုခုကို ကိရိယာတွေကအာရုံခံပေးပြီးယာဉ်မောင်းကို အသံပြုပြီးအချက်ပေးပါသေးတယ်။ အထက်ပါ စနစ်အနည်းငယ်ကိုကြည့်ခြင်းဖြင့် လုံခြုံမှုအပိုင်းကိုစိတ်အေးနိုင်မှာဖြစ်ပါတယ်။

2018 Accent ရဲ့စျေးနှုန်းဟာ USD 25900 ဖြစ်ပြီး ၃ နှစ် (သို့)  ကီလို ၁ သိန်းအာမခံပေးထားတယ်လို့ဆိုထားပါတယ်။ Accent ကို Coffee Bean, Dazzling Blue, Ice, Misty Beige, Phantom Black, Sleek Silver, Sonic Silver, Sunflower, Veloster Red နဲ့ Vitamin C အစရှိတဲ့အရောင် ၁၀ မျိုးထဲက ကြိုက်နှစ်သက်ရာရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Road Show ကျင်းပတဲ့ကာလမှ လေ့လာဝယ်ယူသူများကို Tarot, Caricature အစရှိတဲ့ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်အောင် စီစဉ်ပေးထားရုံသာမက ကလေးတွေကိုလည်း လက်ဆောင်ပစ္စည်းလေးတွေပေးအပ်သွားဖို့ရှိတယ်လို့ လဲဆိုထားပါတယ်။

– မတ်လ ၁၆ ရက်နေ့ ➡  ၁၈ ရက်နေ့

 

 

 

Source 1, 2

Auto News , New Models

Leave a Reply

Your email address will not be published. Required fields are marked *