October 18, 2018

We ❤️ New Cars!

New Car News in Burmese

လုံခြုံရေးစနစ်ပိုင်းကို အလေးအနက်ထားပြီးဖန်တီးလေ့ရှိတဲ့ Honda ဟာဆိုရင်တော့ သူ့ရဲ့ Avanced Technology တစ်ခုဖြစ်တဲ့ Honda Sensing Technology ကို ကားအစီးရေ ၁ မီလီယံအတိုင်းအတာအထိ လက်ရှိမှာထည့်သွင်းပြီးနေပြီဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။ Honda Sensing Tech ကတော့ Collision Mitigation Braking System (CMBS), Forward Collision Warning (FCW), Lane Keeping Assist (LKAS), Road Departure Mitigation (RDM), Adaptive Cruise Control (ACC) အစရှိတဲ့  Avanced Safety System တွေပေါင်းစပ်ထားတဲ့ Technology တစ်ခုပဲဖြစ်ပါတယ်။ System တစ်ခုချင်းစီတဲ့ အလုပ်လုပ်ပုံကတော့ အောက်ဆုံးမှာပါ 😁)

Honda ဟာလက်ရှိမှာ Honda Sensing Tech ကို ကားအစီးရေ ၁ မီလီယံ အထိထည့်သွင်းထားနိုင်ခဲ့ပြီး ၂၀၂၂ မော်ဒယ်တွေကျရင် Honda Sensing Tech ဟာ Honda ကားအားလုံးဆီမှာ Standard Tech တစ်ခုအနေနဲ့ပါဝင်သွားမှာဖြစ်တယ်လို့လဲဖော်ပြထားပါတယ်။ Honda Sensing Tech ဘယ်လောက်အထိ ထိရောက်မှုရှိလဲဆိုတာကို လူဉီးရေထိန်းသိမ်းမှု၊ ယာဉ်တိုက်မှုတွေလျော့ကျအောင် ထိန်းသိမ်းပေးတဲ့ အဖွဲ့အစည်း Highway Safety (IIHS) နဲ့ အသက်အာမခံအချက်အလက်တွေကိုထိန်းသိမ်းပေးတဲ့ Highway Loss Data Institute (HLDI) တို့ပူးပေါင်းလေ့လာစစ်ဆေးခဲ့ရာ ရလဒ်ကတော့ ယာဉ်တိုက်မှုတွေ သိသိသာသာ လျော့ကျသွားတယ်လို့ ဆိုပါတယ်။

Honda Sensing Tech နဲ့ပတ်သက်ပြီး American Honda Automobile Division က Senior Vice President ဖြစ်သူ Henio Arcangeli ကလည်း

“ယာဉ်တိုက်မှုကင်းစင်တဲ့ ပတ်ဝန်းကျင်ကြီးအဖြစ်ဖန်တီးနိုင်ဖို့က Honda ရဲ့အိပ်မက်တစ်ခုပါ။ အဲ့ဒီ အိမ်မက်ဆီကို Honda Sensing Tech ကကျွန်တော်တို့ကိုခေါ်ဆောင်ပေးသွားမှာပါ။ အခုလိုမျိုး Honda ယာဉ်တွေအားလုံးမှာ Avanced Safety System တွေပါဝင်လာတာကြောင့် နောက် ၃ နှစ် ကနေ ၄ နှစ်အကြာမှာ ဖြစ်ပေါ်မယ့်ယာဉ်တိုက်မှုတွေထဲမှာ Honda ကယာဉ်တွေမပါဝင်သလောက် ဖြစ်ဖို့ကို ကျွန်တော်တို့မျှော်မှန်းထားပါတယ်။”
Source: hondanews.com

လို့ပြောကြားထားပါသေးတယ်။

Collision Mitigation Braking System (CMBS)

ကတော့ ဘရိတ်ကို အရေးပေါ်အခြေအနေမှာအသုံးပြုနိုင်ဖို့ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ယာဉ်အရှေ့က အရာဝတ္တုတစ်ခုကို အလုံးစုံ ရှောင်ပေးမသွားပေမယ့် အရှိန်သေသွားတဲ့အထိရပ်ပေးမှာကြောင့် ယာဉ်တိုက်မှုကို ကာကွယ်ပြီးသားဖြစ်နေမှာပါ။

Forward Collision Warning (FCW)

ကတော့ ယာဉ်အရှေ့မှာရှိနေတဲ့ အရာတွေကို အာရုံခံပေးပြီး မိတ်ဆွေကို ပြန်လည်အသိပေးမယ့် System တစ်ခုဖြစ်ပါတယ်။

Lane Keeping Assist (LKAS)

ကတော့ Lane Keeping ဆိုတဲ့အတိုင်း မိတ်ဆွေသွားရာလမ်းကြောင်း ကိုမရွေ့မစောင်းဖြစ်အောင် Vehicle ရဲ့အလယ်ဗဟိုကိုတည်နေရာယူပြီး ထိန်းညှိမယ့် system တစ်ခုပါ။

Road Departure Mitigation (RDM)

ဟာတော့ Steer တိုင်နဲ့ ဘရိတ်ကိုဆက်စပ်ပြီးထိန်းထားပါတယ်။ မိတ်ဆွေအနေနဲ့ အချက်ပြခလုတ်မနှိပ်ပဲတစ်နေရာရာကိုဖြတ်ကူးရင် မိတ်ဆွေကို အသိပေးသွားမှာဖြစ်ပါတယ်။

Adaptive Cruise Control (ACC)

ကတော့ Vehicle ရဲ့အရှိန်နဲ့ Vehicle အရှေ့က အရာဝတ္ထုကြားအကွာအဝေးကို ထိန်းပေးတဲ့ System ပါ။ မိတ်ဆွေမောင်းချင်တဲ့အရှိန်နဲ့ Vehicle နဲ့အရှေ့အရာဝတ္ထုကြားအကွာအဝေးကို တော့ကိုယ်တိုင်ပဲချိန်ညှိပေးရမှာဖြစ်ပါတယ်။ Honda မှာတော့ မသိပေမယ့် Audi ရဲ့ Adaptive Cruise Control System ကတော့ ကားရဲ့ Pedal ကိုနှင်းစရာမလိုပဲ သူ့အလိုလိုကို မောင်းတဲ့အထိပါပဲ။

Honda Sensing Tech ကိုတော့ ၂၀၁၆ မော်ဒယ် Accords, Civics နဲ့ Pilots အစရှိတဲ့ယာဉ်တွေမှာတည်းက စတင်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ လက်ရှိ Honda Sensing Tech Standard Feature အနေနဲ့ပါဝင်နေတဲ့ ယာဉ်တွေကတော့ 2018 Clarity Plug-in Hybrid, 2018 Clarity Fuel Cell, 2017 Clarity Electric, 2018 Accord, 2018 Accord Hybrid တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် 2019 မော်ဒယ် Insight hybrid sedan မှာလည်း Sensing Tech ဟာ Standard တစ်ခုအနေနဲ့ပါဝင်သွားမှာဖြစ်တယ်လို့ ဆိုထားပါသေးတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories