July 17, 2018

We ❤️ New Cars!

New Car News in Burmese

2018 Honda Odyssey နဲ့ CR-V တို့ဟာ U.S News ကသတ်မှတ်တဲ့ “2018 Best Cars for Families” စာရင်းမှာပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ SUVs and Minivans အမျိုးအစားထဲမှာပါဝင်ခဲ့တာဖြစ်ပြီး 2018 CR-V ဟာဆိုရင် Best compact SUV, 2018 Odyssey ဟာဆိုရင် Best Compact Minivan ခေါင်းစဉ်နဲ့ Best Cars for Families စာရင်းထဲမှာပါဝင်ခဲ့တာပါ။

U.S News ဟာ “Best Cars for Families” အဖြစ်သတ်မှတ်ဖို့ ကားရဲ့လုံခြုံစိတ်ချမှုတုံ့ပြန်ချက်တွေ၊ ထိုင်ခုံအနေအထားတွေ၊ ပစ္စည်းထားလို့ရမယ့်နေရာအကျယ်အဝန်းတွေ၊ မိသားစုလိုက်သွားရတာအဆင်ပြေမယ့် Feature ပါဝင်မှုတွေအပြင် ပရောဖက်ရှင်နယ်တွေရေးထားတဲ့ကားနဲ့ သက်ဆိုင်ရာ ဆောင်းပါးတွေကိုပါ အကုန်တိုင်းတာမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးအဆင့်ထိရောက်ရှိပြီးမှ “Best Cars for Families” အဖြစ်သတ်မှတ်မခံလိုက်ရတဲ့ Finalist ကားတွေနဲ့ “Best Cars for Families” အဖြစ်သတ်မှတ်ခံလိုက်ရတဲ့ တခြား မော်ဒယ်ကားတွေကို အောက်ပါ လင့်ခ်ကနေတဆင့်ဝင်ရောက်စူးစမ်းနိုင်ပါတယ်။

Link – Best Cars for Families

 

2018 Honda Odyssey

 

2018 Honda CR-V

 

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories