October 18, 2018

We ❤️ New Cars!

New Car News in Burmese

Honda ဟာ Sensing Driver-Assist Technology ကို နောက်ဆုံးထွက်၂၀၁၈ Odyssey model တွေမှာထည့်သွင်းမိတ်ဆက်မယ့်အကြောင်းကိုတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ Honda နယူးဆီလန်က ကြေညာခဲ့တာဖြစ်ပါတယ်။ Odyssey LS နဲ့ S တို့မှာထည့်သွင်းမိတ်ဆက်သွားမှာပါ။

Honda အနေနဲ့ Odyssey LS နဲ့ Odyssey S တို့ကို ဇန်နဝါရီလ အကုန်လောက်မှာဖြန့်ချီဖို့ရည်ရွယ်ခဲ့တာပါ။ အဲ့တော့ကျွန်တော်တို့အနေနဲ့ နီးစပ်ရာ တာဝန်ရှိ Honda ကိုယ်စားလှယ်တွေဆီကို ဒီနေ့ (သို့) မနက်ဖြန်မှာပဲသွားရောက်ကြည့်ရှု့နိုင်တော့မှာဖြစ်ပါတယ်။ နည်းပညာအသစ်အပြင် ကားရဲ့အပြင်ပိုင်း၊ အတွင်းပိုင်း စတာတွေကိုလည်းပြင်ဆင်တိုးမြှင့်ထားပါတယ်။ NVH (Noise, Vibration, Harshness) ပိုင်းကိုလည်းပြင်ဆင်ပေးထားပါသေးတယ်။

“The addition of Honda Sensing on the new Odyssey LS represents another step in our plan to introduce the full suite of intelligent driver-assist features and active safety technologies right across the Honda vehicle range over the next few years,” said Honda New Zealand GM Marketing, Ms. Nadine Bell.
Source :hondanews.asia

အပေါ်မှာဖော်ပြထားတာကတော့ Nadine Bell ရဲ့နည်းပညာအသစ်အပေါ်ပြောကြားချက်ပဲဖြစ်ပါတယ်။ Nadine Bell ဟာ မာကတ်တင်းဘက်က general manager ဖြစ်ပြီး သူ့ရဲ့ပြောကြားချက်အရ Honda ဟာနောက်နှစ်အနည်းငယ်အတွင်းမှာ ဒီနည်းပညာကို တခြား model တွေဆီပါလက်ဆင့်ကမ်းနိုင်တော့မယ်ဆိုတာကိုသိရှိနိုင်ပါတယ်။

Sensing Driver-Assist Technology ဆိုတဲ့အမည်အတိုင်းပဲ မောင်းသူကိုကူညီပေးပြီး ဖြစ်ပေါ်လာမယ့် အန္တရာယ်ကိုလည်းကြိုတင်အသိပေးမှာဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတာကတော့ Sensing Driver-Assist နည်းပညာမှာပါဝင်တဲ့ Feature တစ်ခုချင်းစီပါ။

Honda Sensing on the latest Odyssey LS includes the following driver-assist features:
•    Adaptive Cruise Control (ACC)
•    Forward Collision Warning (FCW)
•    Collision Mitigation Braking System (CMBS)
•    Lane Departure Warning (LDW)
•    Road Departure Mitigation System (RDM)
•    Lane Keep Assist System (LKAS)
Source :hondanews.asia

Odyssey LS နဲ့ S နှစ်ခုလုံးရဲ့ရှေ့မျက်နှာပြင်ကိုတော့ Solid Wing Face ဒီဇိုင်းပုံစံမျိုးနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ ကားနှစ်လုံးအတွက် အရောင်ကတော့ သစ်ခွပုလဲဖြူရောင်၊ သတ္တုမီးခိုးရောင်၊ အပြာရင့်ရောင်၊ အနီရင့်ရောင်၊ အမည်းရောင် ဆိုပြီး ၅ မျိုးဖန်တီးထားပါတယ်။ ကျွန်တော်မနေ့ကပြောခဲ့တဲ့ Honda model တွေမှာ သစ်ခွပုလဲဖြူရောင် edition ရောက်ရှိလာပြီဆိုတာမှန်နေပါပြီ။

စျေးနှုန်းအပိုင်းကတော့ Odyssey S အတွက် $45,900 နဲ့ Odyssey LS အတွက် $53,900 ဆိုပြီးသတ်မှတ်ထားပါတယ်။ အဲ့တော့မြန်မာငွေနဲ့ကြည့်ရင် Odyssey S ဟာ သိန်း ၆၀၀ ကျော်ဖြစ်နေပြီး LS ဟာတော့ သိန်း ၇၀၀ ကျော် တန်ဖိုးရှိပါတယ်။ ဒါတောင် အခွန်တွေမပါသေးပါဘူး။ ၂၀၁၈ model ဖြစ်တာကြောင့်စျေးကလည်းဒီလောက်မိုက်နေတာဖြစ်ပါတယ်။ Odyssey LS, S တို့ဟာသက်ဆိုင်ရာ Honda ကိုယ်စားလှယ် Showroom တွေမှာရောက်ရှိနေပြီလို့တော့ Honda ကပြောထားတယ်ဗျ။ ကျွန်တော့်အနေနဲ့ Showroom ကိုမရောက်ရှိသေးတာကြောင့် မြန်မာနိုင်ငံမှာ ရောက်/မရောက် ကိုတော့တိတိကျကျမပြောနိုင်သေးပါဘူး။

Odyssey LS နဲ့ S တို့ရဲ့အရောင်တွေကိုကြည့်ဖို့  👉👉👉  www.honda.co.nz

 

New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories