October 18, 2018

We ❤️ New Cars!

New Car News in Burmese

Honda ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က Las Vegas မှာကျင်းပခဲ့တဲ့ CES 2018 မှာ Clarity Sereis, CR-V တို့နဲ့  “Most Innovative Car” နဲ့ “SUV အဖြစ်ဆုံး” ဆိုပြီး Edmunds ရဲ့သတ်မှတ်ခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။

“With wins in two of six categories, it is clear that pushing the boundaries of automotive innovation is in Honda’s DNA,” said Alistair Weaver, Edmunds editor-in-chief. “Both the forward-thinking Honda Clarity and class-leading Honda CR-V are prime examples of how Honda innovates with buyers in mind, and makes advanced technology features that are both easy to use and accessible beyond high priced luxury vehicles.”
Source :hondanews.com

အပေါ်မှာဖော်ပြခဲ့တာကတော့ Alistair Weaver ဆိုသူရဲ့ Honda ဆုရတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောကြားချက်တွေပဲဖြစ်ပါတယ်။ Alistair ဟာတော့ Edmunds ရဲ့ Chief editor တစ်ဉီးပါ။ Honda Clarity နဲ့ CR-V တို့ဟာ မြင့်မားတဲ့နည်းပညာတွေပါဝင်ပြီး စီးရတာလည်းလွယ်ကူအဆင်ပြေလှပါတယ်။ Clarity နဲ့ CR-V တို့က Honda ရဲ့ဝယ်သူတွေကိုအစွဲဆောင်နိုင်တယ့် ဉပမာကားကောင်းတွေလို့လဲတင်စားခဲ့ပါသေးတယ်။

Honda Clarity Series ဟာလျှပ်စစ်သီးသန့်ဖြစ်နေတဲ့ Plug-in hybrid အမျိုးအစားပါ။ ပြီးတော့ Hydrogen fuel cell တွေလည်းပါဝင်ပါသေးတယ်။ အဲ့ဒီအချက်တွေကြောင့်ပဲ Edmunds အနေနဲ့ Honda Clarity Series ဟာ electrified powertrain Tech မှာဉီးဆောင်နေတယ်လို့ သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။

Edmunds မှာရှိတဲ့အတွေ့အကြုံများတဲ့လူတွေကတော့ Honda 2018 CR-V ကို packaging, efficiency နဲ့ innovation စတဲ့အချက်တွေနဲ့ပတ်သက်ပြီး ချီးမွမ်းခဲ့တာဖြစ်ပါတယ်။ 2018 CR-V မှာတော့ မြင့်မားတဲ့ Driver Assistance နည်းပညာပါဝင်ပါတယ်။ လုံခြုံမှုရှိပြီးတတ်နိုင်တဲ့စျေးနှုန်းကြောင့် ရှားပါး SUVs အမျိုးထဲမှာအပါအဝင်တယ် လို့ပဲဆိုရမှာပါ။ အဲ့လိုအချက်တွေကြောင့်ပဲ Clarity Sereis, CR-V တို့ဟာ CES 2018 မှာပဲ Edmunds ရဲ့ဂုဏ်ပြုဆု တွေရရှိခဲ့တာဖြစ်ပါတယ်။

Auto News , New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories