December 10, 2018

We ❤️ New Cars!

New Car News in Burmese

Honda ရဲ့ Clarity series ဟာ လေထုညစ်ညမ်းမှုနည်းပါးအောင်ဖန်တီးထားတဲ့ Vehicle ဖြစ်တာကြောင့် Coalition for Clean Air ကချီးမြှင့်တဲ့ 2018 California Air Quality Award ကိုပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။

Coalition for Clean Air (CCA) ကတော့ ၁၉၇၁ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ ကယ်လီဇိုးနီးယား အကျိုးအမြတ်မယူ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ကတော့ ပတ်ဝန်းကျင် အထူးသဖြင့်လေထုညစ်ညမ်းမှုရန်တွေကို ကာကွယ်ပေးဖို့ပါ။ CCA ဟာလူတိုင်းလူတိုင်းလေကောင်းလေသန့်ကိုရှုဖို့အခွင့်အရေးရှိတယ်လို့ ယုံကြည်ထားတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။

Honda ဟာသူ့ရဲ့ Clarity series ကို ၂၀၁၈ အတွင်း ကယ်လီဖိုးနီးယားမှာ ၅၆ ရာခိုင်နှုန်းအထိရောင်းချခဲ့ပြီးပြီဖြစ်ပါတယ်။ ၅၆ ရာခိုင်နှုန်းအထိ ကယ်လီဖိုးနီးယားမှာရောက်ရှိနေတာတောင် လေထုညစ်ညမ်းမှုကိုလျော့ချသေးနိုင်ဆိုတော့ Clarity series ဟာတော်တော်လေးအခြေအနေကောင်းတဲ့အဆင့်ရောက်ရှိနေတယ်ဆိုတာ အမှန်ပါပဲ။ ကယ်လီဖိုးနီးယားမှာ ရောင်းချခဲ့တဲ့ Honda Clarity series မှာ Clarity Plug-in Hybrid, Clarity Electric, Clarity Fuel Cell အစရှိတဲ့မော်ဒယ်တွေပါဝင်ပါတယ်။ (Clarity series အားလုံးဟာ ၂၀၁၈ မော်ဒယ်တွေပဲဖြစ်ပါတယ်။)

2018 California Air Quality Award နဲ့ပတ်သက်ပြီး Coalition for Clean Air (CCA)  ရဲ့ CEO နဲ့ President ဖြစ်သူ Dr. Joseph K. Lyou ဆိုသူက –

“ကျွန်တော်တို့ CCA အဖွဲ့အနေနဲ့ Honda အခုလို California Air Quality Award ကိုပိုင်ဆိုင်မှုအတွက် ဝမ်းသာမိပါတယ်။ လာမယ့် ၂၀၃၀ မှာ Vehicle တွေရဲ့ ၃ ပုံ ၂ ပုံဟာ Electric Vehicle အဖြစ်ပြောင်းလဲတော့မှာဖြစ်ပြီး Honda ကတော့ အဲ့ဒီပြောင်းလဲမှုအတွက် စံပြတစ်ခုပါပဲ”
Source: hondanews.com

လို့ပြောကြားခဲ့ပါတယ်။ Vehicle တွေရဲ့အနာဂတ်ကတော့ စိတ်ဝင်စားစရာဖို့တော်တော်လေးကောင်းနေပါပြီ…

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories