October 15, 2019

We ❤️ New Cars!

New Car News in Burmese

Honda ရဲ့ SUV အမျိုးအစားမော်ဒယ်အသစ် 2019 Passport ဟာတော့ 2018 Los Angeles Auto Show မကျင်းပမီရက်အနည်းငယ်အလို နိုဝင်ဘာလ ၂၇ ရက်နေ့က စတင်မိတ်ဆက်ချပြခဲ့တာဖြစ်ပြီး Production အပိုင်းကို ၂၀၁၉ နှစ်အစပိုင်းလောက်မှာဆောင်ရွက်သွားမယ်လို့ရည်ရွယ်ထားပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့ကစတင်ပြီး Production အပိုင်းကိုစတင်ဆောင်ရွက်နေပြီလို့သိရပါတယ်။ 

Honda ဟာသူ့ရဲ့ SUV line-up 2019 Passport ထုတ်လုပ်မှုကို ဝန်ထမ်းပေါင်း ၁၅၀၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ Honda Manufacturing of Alabama (HMA) မှာစတင်တာဖြစ်ပြီး လာမယ့် ၂၀၁၉ အစောပိုင်းလောက်မှာ မာကတ်ထဲကိုဖြန့်ချီရောင်းချသွားတော့မှာပဲဖြစ်ပါတယ်။ 

ဒီအကြောင်းနဲ့ပတ်သက်ပြီး Honda Manufacturing of Alabama (HMA) ရဲ့ Vice President ဖြစ်သူ Mike Oatridge က အခုလိုထုတ်လုပ်နိုင်မှုအတွက် HMA အသင်းသားအားလုံးကို ဂုဏ်ယူမိကြောင်း၊ Passport တော်တော်လေး Strong ဖြစ်တဲ့ light truck model ဖြစ်တာကြောင့် Customer လိုချင်မှုနဲ့ လိုအပ်ချက်တွေကို ပံ့ပိုးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

 Passport မော်ဒယ်အသစ်ဟာဆိုရင် ဆုရရှိထားတဲ့ Honda ရဲ့ light-truck lineup ရဲ့တိုးချဲ့မှုတစ်ခုဖြစ်သလို HR-V, CR-V, Honda ရဲ့ fourth generation SUV ဖြစ်တဲ့ Pilot နဲ့ Sixth generation light-truck model တွေဖြစ်တဲ့ Odyssey minivan, Ridgeline pickup တို့ဆီဝင်ရောက်လာတဲ့ SUV မော်ဒယ်အသစ်တစ်ခုလည်းဖြစ်ပါတယ်။

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories