June 21, 2018

We ❤️ New Cars!

New Car News in Burmese

2018 Honda Accord နဲ့ Odyssey တို့ကတော့ ၂၀၁၈ ရဲ့ 10 Best Family Cars စာရင်းမှာ Parents Magazine (Parents.com) နဲ့ Edmunds (Edmunds.com) တို့ရဲ့သတ်မှတ်မှုကြောင့်ပါဝင်ခဲ့ပြီဖြစ်ပါတယ်။ Parents နဲ့ Edmunds တို့ဟာ Best Family ကားတွေထဲက Winner ကိုထပ်မံရွေးချယ်သွားမှာဖြစ်ပြီး ရလဒ်ကိုတော့ Parents Magazine ရဲ့ July issue မှာပါဝင်လာမှာဖြစ်တယ်လို့သိရပါတယ်။

Best Family Cars စာရင်းထဲမှာထည့်သွင်းဖို့ Parents နဲ့ Edmunds တို့ဟာ ကားပေါင်း ၃၀၀ ကျော်ကိုလေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်။ ကားမော်ဒယ်တစ်ခုချင်းစီရဲ့ Safety rating တွေ၊ အတွင်းပိုင်းထိုင်ခုံအနေအထားတွေ နဲ့ Family-friend feature တွေဖြစ်တဲ့ သက်သောင့်သက်သာရှိမှုအတိုင်းအတာ၊ စျေးနှုန်း၊ ဆီစားနှုန်း အစရှိတာတွေအားလုံးကို ခြုံငုံလေ့လာပြီးမှအခုလို Best Family Cars စာရင်းထဲမှာထည့်သွင်းထားတာဖြစ်ပါတယ်။ (လွယ်လွယ်နဲ့တော့ Best Family Car စာရင်းထဲကိုဝင်လာတာမဟုတ်ဘူးဗျ 😀)

Honda Odyssey

ပထမဉီးဆုံးအနေနဲ့ Best Family Car စာရင်းမှာပါဝင်ထားတဲ့ Honda Odyssey အကြောင်းအနည်းငယ်ပြောပါရစေ။ 2018 Honda Odyssey ကတော့ 5th-generation ဖြစ်ပြီး ဒီဇိုင်းပြန်လည်ရေးဆွဲထားတဲ့ ကားအမျိုးအစားပဲဖြစ်ပါတယ်။ မောင်းနှင်တဲ့အခါမှာ ငြိမ်သက်နေပြီး ကားအတွင်းပိုင်းကလည်း Family-friendly အနေအထားနဲ့ သက်သောင့်သက်သာရှိလှပါတယ်။ 2018 Odyssey ဟာ အနောက်ထိုင်ခုံမှာ ကင်မရာပါဝင်ပြီး Active safety နဲ့ Driver Assist System အစရှိတဲ့ Honda sensing Tech ပါဝင်တဲ့ ပထမဉီးဆုံး Honda ကားအမျိုးအစားဖြစ်ပါတယ်။

Honda Accord

နောက်တစ်ခုကတော့ Honda Accord ပါ။ Best Family Car စာရင်းထဲမှာပါဝင်ခဲ့တဲ့ Accord ကတော့ 10th-generation midsized sedan ကားအမျိုးအစားဖြစ်ပြီး ဒီဇိုင်းပိုင်းက သေသေသပ်သပ်တစ်ဖန်ပြန်လည်ရေးဆွဲထားတာဖြစ်တယ်လို့ သိရပါတယ်။ ကားရဲ့အတွင်းပိုင်းမှာတော့ ကျယ်ဝန်းလှတဲ့ နေရာရှိနေပြီး 1.5, 2.0 L capacities ရှိတဲ့ Torque-landen turbo အင်ဂျင်နှစ်လုံးပါဝင်ပါတယ်။ ဒါ့အပြင် Honda Sensing tech မှာပါဝင်တဲ့ Feature တွေအားလုံးကိုလည်း ခံစားနိုင်ဉီးမှာပါ။ ကားနှစ်စီးလုံးက Family-friendly ဘက်ကိုရောက်ရှိနေတာကြောင့် အခုလို Top 10 စာရင်းထဲဝင်ခဲ့တယ်လို့ ဆိုရမှာပါ။

မိတ်ဆွေအနေနဲ့ Best Family Cars 2018 မှာပါဝင်ခဲ့တဲ့ ကား ၁၀ စီးလုံးကိုတော့ parents.com ကနေတဆင့်သွားရောက်ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ 2018 Best Family Car တွေထဲက Winner ကိုတော့ လာမယ့် ဇူလိုင်လမှာ Automyanmar ကဖော်ပြသွားဉီးမှာဖြစ်တာကြောင့် စိတ်ဝင်စားရင်တော့ စောင့်ကြည့်နိုင်ပါတယ်ခင်ဗျာ။

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories