October 18, 2018

We ❤️ New Cars!

New Car News in Burmese

Freestyle Rapper တစ်ဉီးဖြစ်သူ Harry Mack ကတော့ Mitsubishi ရဲ့ Campaign ဖြစ်တဲ့ “Harry Mack Freestyle Test Drive”  မှာ ပါဝင်ပြီး Rapping တွေနဲ့အတူ 2018 Eclipse Cross ကိုမိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ လာရောက်စမ်းသပ်မောင်းနှင်သူတွေကို Freestyle Rapping နဲ့ကားအကြောင်း မိတ်ဆက်တဲ့ပုံစံမျိုး ဖန်တီးထားတာကြောင့် စိတ်ဝင်စားစရာကောင်းလှတဲ့ Campaign တစ်ခုလို့ဆိုရမှာပါ။ Mack ကို Rapping တွေကိုတော့ အောက်ကဗီဒီယိုမှာခံစားနိုင်မှာဖြစ်ပါတယ်။

ကားရဲ့ Display ပိုင်း၊ ကာလာအနေအထား၊ ထိုင်ခုံမှာ Heat တပ်ပေးထားမှု၊ ၁၈ လက်မ Alloy Wheels ပါဝင်မှု၊ စပီကာ ၈ လုံး၊ USB charging, LED Light, ပါကင်အတွက် Multi-view camera, Rear Cross Traffic Alert (ကားကိုနောက်ဆုတ်လိုက်တဲ့အချိန် တစ်ခုခုနဲ့တိုက်ဖို့အခြေအနေမျိုးဖြစ်နေရင် Alert ပြပေးတဲ့ Feature ပါ) အစရှိတဲ့ Feature တွေပါဝင်မှုကို Mack က Freestyle rapping နဲ့မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ကြွေသွားပြီမလား 😆)

“Futuristic super all-wheel control… three modes so you can tackle street, gravel or snow..” ဆိုတဲ့ rap စာကြောင်းကတော့ တော်တော်များများကြိုက်နှစ်သက်ကြတယ်လို့ဆိုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Mitsubishi Motor North America ရဲ့ Chief Marketing officer က

“Eclipse Cross ဟာတော့ သက်သောင့်သက်သာမောင်းနှင်နိုင်မှုကြောင့် ဂုဏ်သတင်းကောင်းကောင်းရရှိထားတဲ့ မော်ဒယ်တစ်ခုပါ။ အဲ့လိုကောင်းမွန်တဲ့ မော်ဒယ်တစ်ခုကို ကျွန်တော်တို့ဟာပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီး Mitsubishi ရဲ့ Next generation ကားအဖြစ် စဉ်းစားနိုင်အောင် အခုလို Campaign တစ်ခုပြုလုပ်လိုက်တာပါ။ ဒီ “Harry Mack Freestyle Test Drive” ဆိုတဲ့ Campaign ဟာ Driver တွေဆီက ကောင်းမွန်တဲ့ Reaction တွေရရှိအောင်ပြုလုပ်ပေးခဲ့ရုံသာမက Product အသစ်ကိုလည်း ပေါ်လွင်အောင်စွမ်းဆောင်ပေးလိုက်တာဖြစ်ပါတယ်။”
Source: mitsubishicars.com

လို့ပြောကြားခဲ့ပါတယ်။

ထိုနည်းတူ Freestyle Rapper ဖြစ်သူ Harry Mack ကလည်း

“Mitsubishi ရဲ့တောင်းဆိုမှုကြောင့် ကျွန်တော့်ရဲ့ Freestyle rap စကေးကိုအခုလို ချပြဖြစ်ခဲ့တာပါ။ ကျွန်တော်က ကိုယ့်ကို စိန်ခေါ်ရတာကိုကြိုက်နှစ်သက်တဲ့ သူဖြစ်တာကြောင့် အခုလို Mitsubishi နဲ့ပူးပေါင်းပြီး မတူညီတဲ့အရာတွေကိုလုပ်ဆောင်ရတာ ကျေနပ်မိပါတယ်။ ကြည့်ရှု့သူတွေလည်း ဒီဗီဒီယိုလေးကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။”
Source: mitsubishicars.com

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ Mack ရဲ့ အခုလို Freestyle Rap ကိုနားဆင်နိုင်ဖို့ Automyanmar ကသူ့ရဲ့ YouTube channel ကို အလင်းပြပေးလိုက်ပါတယ်နော်..

Harry Mack (YouTube channel)

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories