September 25, 2018

We ❤️ New Cars!

New Car News in Burmese

Academy ဆုအတွက်ခန့်မှန်းခြင်းခံထားရပြီး Harley Quinn နေရာမှာပီပီပြင်ပြင်သရုပ်ဆောင်ခဲ့တဲ့ သြစတေးလျသရုပ်ဆောင် Margot Robbie ဟာတော့ ပြီးခဲ့တဲ့ရက်က ကယ်လီဖိုးနီးယား လော့စ်အိန်ဂျယ်လိစ်မြို့ မှာကျင်းပသွားတဲ့ Nissan ရဲ့ Formula E ဖြန့်ချီမှု Event ကိုဉီးဆောင်ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ Robbie ဟာတော့ Nissan EV (Electric Vehicle) တွေရဲ့ Brand Ambassdor တစ်ဉီးပါ။

EV Brand Ambassdor တစ်ဉီးအနေနဲ့ Nissan ရဲ့ EV Formula E ကိုမြို့တွင်းမှာစမ်းသပ်မောင်းနှင်ပြီး ခံစားရတဲ့အတွေ့အကြုံကိုအောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။

“ကျွန်မအနေနဲ့ Nissan ရဲ့ရှေးဉီးကားတွေမှာ လေထုသန့်စင်အောင်၊ ကမ္ဘာတစ်ဝှမ်းစွမ်းအင်သုံးစွဲမှုမျှတနေအောင်ဖန်တီးထားတာကိုတွေ့ခဲ့ပြီးပါပြီ။ အခုလည်း စိတ်ကျေနပ်စရာကောင်းလှတဲ့ Formula E ကားအသစ်ကြီးကိုထပ်မံတွေ့ရပြန်ပါပြီ။ ဒီ Formula E ကားအသစ်ကြီးဟာလည်း Nissan EV တွေအတွက်တိုးတက်အောင်လုပ်နေချိန်မှာ ဘယ်လောက်အထိပံ့ပိုးသွားနိုင်မလဲဆိုတာကျွန်မတကယ်စိတ်ဝင်စားနေပါပြီ”

Formula E ကားအသစ်ကြီးဟာတော့ Nissan ရဲ့ Electric Street Racing series ထဲကဖြစ်ပြီး Powertrain တွေနဲ့ ဘက်ထရီပိုင်းတွေကို အရင်တုန်းကကားတွေနဲ့ သိသိသာသာကွဲပြားနေအောင်ဖန်တီးထားပါတယ်။ Formula E ရဲ့ ဒီဇိုင်းပိုင်းကိုတော့ Nissan Global Design အဖွဲ့အစည်းကပြုလုပ်ဖန်တီးထားတာပဲဖြစ်ပါတယ်။ Nissan အနေနဲ့ Formula E ကို ဖန်တီးရတဲ့အဓိကရည်ရွယ်ချက်ကတော့ “ABB FIA Formula E Championship” မှာဝင်ပြိုင်နိုင်ဖို့ပဲဖြစ်ပါတယ်။ Nissan ဟာ Leaf မှာကတည်းက EV တွေအပိုင်းမှာတော်တော်လေးဆရာကျနေပါပြီ။ အခုလည်း Formula E ကိုအေးအေးဆေးဆေးပဲ ခက်မိုက်မိုက် ဖန်တီးသွားတာကိုတွေ့ရမှာပါ။

Formula E championship season 5 ပြိုင်ပွဲကြီးကတော့ လာမယ့် ၂၀၁၈ ဒီဇင်ဘာလမှာ စတင်ကျင်းသွားမှာဖြစ်ပါတယ်။ Formula E ကားအသစ်ကြီးရဲ့ပုံရိပ်တွေကတော့ 👇

 

 

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories