April 19, 2018

We ❤️ New Cars!

New Car News in Burmese

Lucas Ordonez ကတော့ စပိန်နိုင်ငံသား ပြိုင်ကားမောင်းနှင်သူတစ်ဉီးဖြစ်ပါတယ်။ Nissan PlayStation GT Academy ကားပြိုင်ပွဲမှာအနိုင်ရရှိခဲ့ပြီး Professional ပြိုင်ကားမောင်းနှင်သူ အဖြစ်ရောက်ရှိလာတာပါ။ Nissan PlayStation GT Academy မှာအောင်မြင်မှုရရှိပြီး ၁၀ နှစ်အကြာ ၂၀၁၈ မှာ Ordonez ဟာ GT Sport Motul Team RJN အတွက်ပြိုင်ပွဲတစ်ခုထပ်မံယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 2018 Nissan GT-R NISMO GT3 နဲ့ယှဉ်ပြိုင်သွားမှာပါ။

အဖွဲ့တစ်ခုတည်းဖြစ်တဲ့ Alex Buncombe, Matt Parry တို့နဲ့အတူ အရင်အပတ်ကလေ့ကျင့်မောင်းနှင်းခဲ့တာဖြစ်ပြီး Ordonez ဟာ Nissan GT-R အသစ်ကြီးနဲ့အတူ Circuit Paul Ricard မှာပန်းဝင်အောင်ကြိုးပမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ Ordonez အနေနဲ့သူမောင်းနှင်ခဲ့တဲ့ Nissan GT-R အသစ်ကြီး မှာဖြစ်ပေါ်လာတဲ့ခံစားချက်ကိုအောက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“ခင်ဗျားကားတံခါးကိုဖွင့်လိုက်တာနဲ့ စတီယာတိုင်၊ ထိုင်ခုံအနေအထား၊ ကားရဲ့ dashboard အစရှိတာတွေတော်တော်ကွဲပြားနေတာကိုတွေ့ရလိမ့်မယ်၊ ပြိုင်ပွဲအတွင်း ကားပြိုင်သူတွေအသုံးပြုရမယ့် ခလုတ်တွေကလည်း ပြိုင်သူမှီနိုင်တဲ့အကွာအဝေးမှာပဲရှိနေတာကြောင့် တော်တော်သက်သောင့်သက်သာရှိလှပါတယ်။ မောင်းသူနေရာကိုတော်တော်လေး ပြင်ဆင်ထားတာတွေ့ရတယ်။ Weight distribution အပိုင်းကိုလည်းတော်တော်လေး ကောင်းမွန်အောင်ပြုလုပ်ထားတာတွေ့ရတယ်။ အဲ့လိုကောင်းမွန်မှုကြောင့် ကားပြိုင်တဲ့အချိန် ကားကိုဉီးတည်ရာပြောင်းတဲ့အခါတော်တော်လေးအဆင်ပြေသွားတယ်”

GT Sport Motul Team RJN အတွက်ယှဉ်ပြိုင်တာ Ordonez အပြင် International GT Academy ပြိုင်ပွဲမှာအနိုင်ရရှိသူဖြစ်ခဲ့တဲ့ Mexican Ricardo Sanchez, British ကားပြိုင်သူတစ်ဉီးဖြစ်သူ Strunan Moore, အဖွဲ့ဝင်အသစ်ဖြစ်သူ Jordan Witt တို့ပဲဖြစ်ပါတယ်။

 

 

 

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories