August 15, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ Grab taxi ယာဉ်မောင်းသူများမှ Grab Myanmar ကို ဆန္ဒပြတဲ့လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ဖဲကြိုးဖြူလှုပ်ရှားမှုကို ယာဉ်မောင်းသူဉီးရေ ၁၀၀ကျော်နဲ့ လုပ်ဆောင်နေတယ်လို့ Yangon Taxi driver group မှတဆင့်သိရပါတယ်။ လှုပ်ရှားမှုမှာပါဝင်သူတွေဟာ မိမိကားမှာ ဖဲကြိုးအဖြူလေးကို စည်းနှောင်ထားကြပါမယ်။

၂၀၁၆/၂၀၁၇ ခုနှစ်လောက်ကစပြီးတွင်ကျယ်လာတဲ့ taxi application တွေထဲက ဒီနှစ်အစောပိုင်းလောက်မှာ Uber က အရှေ့တောင်အာရှကထွက်ခွာသွားတဲ့နောက် ကြီးကြီးမားမားလုပ်ငန်းအနေနဲ့နေရာယူလာတဲ့ Grab ဟာ သူ့ရဲ့ ယာဉ်မောင်းသူတွေနဲ့အဆင်မပြေမှုတွေကြုံနေပုံရပါတယ်။

ဒီရက်ပိုင်း ဆီစျေးတွေကထိုးတက်တာနဲ့၊ Grab က ယာဉ်မောင်းတွေဆီကဝန်ဆောင်ခ 15% ကနေ 20% တိုးမြှင့်ပြောင်းလဲကောက်ခံတာနဲ့လဲတိုက်ဆိုင်သွားတာကြောင့်လဲဖြစ်နိုင်ပါတယ်။ ပြီးတော့ ယာဉ်မောင်းတွေအနေနဲ့ Grab က သူတို့အတွက် အာမခံမှုတွေ ဝန်ဆောင်မှုတွေသေချာမပေးနိုင်တာနဲ့ သူတို့အပေါ်ဆက်ဆံမှုတွေကို မကျေနပ်တာကြောင့် အခုလိုဆန္ဒပြရတာပါလို့ facebook ပေါ်မှာတွေ့ရတဲ့ post နဲ့  comment တွေကတဆင့်သိရပါတယ်။

ထပ်လောင်းပြီးတော့ သူတို့နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလဲ အခုလိုပြောထားပါသေးတယ်။ သွားရမယ့်လမ်းကြောင်းကိုသေချာမပြပေးနိုင်ခြင်းမရှိတာတွေ၊ ကားခေါ်ထားတဲ့ ခရီးသည်ကခေါ်ရမယ့်နေရာရောက်မှ cancel လုပ်တာမျိုး၊ လိုက်ပို့ရမယ့်နေရာကို pin မှားချထားပြီး နေရာတော်တော်ကျော်အောင် ပိုပြီးပို့ပေးရတာမျိုးအတွက် grab ဖက်မှ တာဝန်ယူပြီးဖြေရှင်းပေးတာမျိုးမရှိတဲ့အတွက် အခက်တွေ့ရတဲ့အကြောင်းတွေလဲ ပြောထားကြပါတယ်။ ယာဉ်မောင်းသူအတွက် အာမခံမှုတွေကို သေချာတာဝန်ယူပြီး လုပ်ဆောင်ပေးတာမျိုး လိုချင်ပါတယ်လို့ဆိုပါတယ်။

Grab ကိုအသုံးပြုနေကြတဲ့ ခရီးသည်တချို့ကတော့ grab ကိုသုံးရတာ လုံခြုံစိတ်ချရတာကြောင့် ပုံမှန်လက်တား taxi တွေထက်စျေးနည်းနည်းပိုကြီးပေမယ့် အသုံးပြုရတာအဆင်ပြေပါတယ်လို့မှတ်ချက်ပေးကြသလို အခုနောက်ပိုင်း (အထူးသဖြင့် uber မရှိတော့တဲ့နောက်ပိုင်း) grab အနေနဲ့ ဝန်ဆောင်မှု သိပ်ပြီးမကောင်းတော့တာမျိုးတွေရှိတဲ့အပြင် ကားတစ်စီးငှားရဖို့လဲ အချိန်တော်တော်ပေးရ၊စောင့်ရတာတွေရှိတယ်လို့ပြောကြသူတွေလဲရှိပါတယ်။

ဘယ်လုပ်ငန်းမဆို နှစ်ဉီးနှစ်ဖက်အဆင်ပြေမယ့် win-win အနေအထားကသာ ရှေ့ဆက်အောင်မြင်နိုင်မှာမို့လို့ Grab အနေနဲ့လဲ ယာဉ်မောင်းသူတွေနဲ့ အကောင်းဆုံးညှိနှိုင်းပြီး အဆင်ပြေနိုင်ပါစေလို့ ဆန္ဒပြုမိပါတယ်။

မှတ်ချက်- ဖဲကြိုးဖြူလှုပ်ရှားမှုအကြောင်းရင်းနှင့် ခရီးသည်များ၏မှတ်ချက်များသာဖြစ်ပါသည်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories