June 19, 2018

We ❤️ New Cars!

New Car News in Burmese

GAC Motor Myanmar ဟာသူ့ရဲ့ Road Show ကိုတော့ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး လာမယ့် ဧပြီလ ၈ ရက်နေ့အထိ ကျင်းပသွားမှာပဲဖြစ်ပါတယ်။ (သတင်းအချိန်အနည်းငယ်နောက်ကျမှုအတွက် တောင်းပန်ပါရစေ 😅) Road Show ကိုတော့ City Mall St John မှာကျင်းပနေတာဖြစ်ပြီး ကျင်းပမယ့်အချိန်ကတော့ မနက် ၉ နာရီကနေ ည ၉ နာရီ အထိဖြစ်တယ်လို့သိရပါတယ်။

လက်ရှိကျင်းပနေတဲ့ Road Show မှာ GAC ရဲ့ Premium Edition (Full option)၊ SUV နဲ့ Sedan ကားအမျိုးအစားတွေဖြစ်ကြတဲ့ GS3, GS5 Super, GS8, GA6 တို့ကို ပြသသွားမှာဖြစ်ပြီး Road Show မှာတန်းဝယ်ယူမယ့် ဝယ်သူတွေကိုလည်း အထူးပရိုမိုးရှင်းပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

GAC ကားထုတ်လုပ်သူအာမခံ ၅ နှစ် (သို့) ကီလို ၁ သိန်း၊ Free Maintenance Service ၃ နှစ် (သို့) ကီလို ၆ သောင်း အစရှိတဲ့အာမခံနဲ့ ရောင်းချသွားမှာလည်းဖြစ်တယ်လို့လဲသိရပါတယ်။

GA6

 

GS5 Super

 

GS8

 

GS3

Source 1, 2

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories