August 19, 2018

We ❤️ New Cars!

New Car News in Burmese

ဇွန်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ရန်ကုန်မြို့ ဉီးဝိစာရလမ်း တပ်မတော်ခန်းမမှာ Myanmar Promotional Services Co.,Ltd ကကြီမှူးကျင်းပသွားမယ့် ဒုတိယကြိမ်မြောက် American Trade Show 2018 မှာတော့ Ford (Capital Automotive Co., Ltd) ဟာ Main Sponsor အဖြစ်ပါဝင်ပံ့ပိုးကူညီပေးသွားမှာပဲဖြစ်ပါတယ်။ ပွဲကျင်းပမယ့်အချိန်ကတော့ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိပါ။

American Trade Show ဖြစ်တာကြောင့် ပွဲမှာအဓိကတွေ့မြင်ရမှာကတော့ အမေရိကန်ကထုတ်ကုန်ပစ္စည်းတွေပဲဖြစ်ပါတယ်။ ပွဲမှာပြသသွားမယ့် အမေရိကန်လုပ်ငန်းကဏ္ဍတွေကတော့ Automobile & Heavy Machinery, Electronic & Electricals, Security & IT Products, Oils & Gas, Office Solution & Automation, Industrial machinery products, Building Tools & Machinery, Cosmetics, Food & Others, Technology Service Providers, SME Business, Garments & Textile တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် Ford ဟာသူ့ရဲ့ ကားမျိုးစုံကိုလည်း ပြပွဲမှာ ပြသမိတ်ဆက်ရောင်းချ သွားမှာဖြစ်တယ်လို့လဲ သိရှိရပါတယ်။

Ford ပရိတ်သတ်တွေနဲ့ အမေရိကန်ထုတ်ကုန်တွေကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေသွားရောက်လည်ပတ်နိုင်အောင်Automyanmar ကအသိပေးလိုက်ပါတယ်နော်…..

 

Source 1, 2

Auto News

Leave a Reply

Your email address will not be published. Required fields are marked *