December 10, 2018

We ❤️ New Cars!

New Car News in Burmese

Ford ဟာတော့နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိနေတဲ့ Driving Skill For Life (DSFL) ဆိုတဲ့ event ကိုမနက်ဖြန် နိုဝင်ဘာလ ၁၇ ရက်နေ့၊ နေ့လည် ၁ နာရီ ၃၀ မိနစ် အချိန် Thuwunnabumi Event Park မှာ CarsDB Autoshow 2018 နဲ့အတူကျင်းပသွားမှာပဲဖြစ်ပါတယ်။ ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ပြီးခဲ့တဲ့အချိန်တုန်းက DSFL event တွေအတိုင်းပါပဲ။

International Automobile Trainer တွေရဲ့ Training တွေကိုတက်ရောက်ပြီး Automobile နဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေတိုးမြှင့်လာအောင် နဲ့ Certificate တွေတစ်ခါတည်းရယူစေချင်တဲ့ ရည်ရွယ်ချက်နဲ့ကျင်းပမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Event မှာ Ford ရဲ့ Brand New ကားအသစ်ကြီးတွေကို စမ်းသပ်မောင်းနှင်နိုင်မယ့် Test Drive အစီအစဉ်တွေကိုပါ ထည့်သွင်းပေးထားတာမို့ ကားချစ်သူတွေကြိုက်နှစ်သက်ကြမယ့် ပွဲလေးတစ်ခုပဲဖြစ်ပါတယ်။

Event ကိုတော့ season တွေခွဲပြီးကျင်းပသွားမှာဖြစ်ပြီး ၁၇ ရက်နေ့မှာ Season 1, ၁၈ ရက်နေ့မှာ Season 2, 3 နဲ့ ၁၉ ရက်နေ့မှာ Season 4, 5 ဆိုပြီးသတ်မှတ်ထားတာဖြစ်ပါတယ်။

Season 1 ကို ၁၇ ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်ကနေညနေ ၄ နာရီ၊

Season 2, 3 ကို ၁၈ ရက်နေ့ မနက် ၉ နာရီ ၃၀ မိနစ်ကနေ ညနေ ၄ နာရီ၊ (Break time – ၁၂ နာရီ ၃၀ မိနစ် ကနေ ၁ နာရီ ၃၀ မိနစ်)

Season 4, 5 ကို ၁၉ ရက်နေ့ မနက် ၉ နာရီ ၃၀ မိနစ်ကနေ ညနေ ၄ နာရီ၊ (Break time – ၁၂ နာရီ ၃၀ မိနစ် ကနေ ၁ နာရီ ၃၀ မိနစ်) ဆိုပြီးသတ်မှတ်ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

မိတ်ဆွေအနေနဲ့ Ford ရဲ့ Event ကိုစိတ်ဝင်စားပြီးပါဝင်ဆင်နွှဲချင်တယ်ဆိုရင်တော့ Ford Myanmar post ရဲ့ ကွန်းမန့်အောက် (သို့) ဒီ event လင့်ခ်ထဲကနေ တဆင့် အမည်နဲ့ ဖုန်းနံပါတ်ကို စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ စာရင်းပေးသွင်းပြီးပြီဆိုရင်တော့ Ford Myanmar ရဲ့ပြန်လည်ဆက်သွယ်မှုကိုစောင့်စားရမှာပဲဖြစ်ပါတယ်။ ဒီအောက်က Post ရဲ့ ကွန်းမန့်မှာလည်းသွားရောက်စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။

Source 1, 2

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories