December 10, 2018

We ❤️ New Cars!

New Car News in Burmese

မောင်းသူမဲ့ယာဉ်အမျိုးအစား Self-driving ယာဉ်ကို နောက်တစ်မျိုး Robot car, Autonomous car နဲ့ Driverless car ဆိုပြီးလည်းခေါ်ဆိုကြပါတယ်။ အလုပ်လုပ်ပုံကတော့ ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကို Sensor နဲ့ အာရုံခံပြီး အရှောင်အတိမ်းတွေအလိုအလျှောက်ပြုလုပ်ပေးပြီး လူမပါမောင်းနှင်ပေးတဲ့ပုံစံဖြစ်ပါတယ်။ အဲ့ဒါကြောင့် အက်ဆီဒင့်ဖြစ်တာတွေလည်း သိသိသာသာလျှော့နည်းသွားနိုင်တဲ့ ယာဉ်အမျိုးအစားဖြစ်တယ်လို့ တော်တော်များများက ထောက်ခံထားကြတာလည်းဖြစ်ပါတယ်။

အဲ့လိုထောက်ခံမှုတွေအနေအထားတစ်ခုအထိရရှိထားတဲ့ Self-driving ကားတွေနဲ့ Self-driving ဝန်ဆောင်မှုကို နိုင်ငံတကာအထိတိုးချဲ့ဖို့အတွက် Ford ဟာသူ့ရဲ့ Foreign ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ လက်တွဲမှုပြုလုပ်သွားဖို့ရှိတယ်ဆိုတဲ့အကြောင်းကို Financial Times (FT) ရဲ့ဖော်ပြချက်အရသိရှိရပြီဖြစ်ပါတယ်။

Ford ရဲ့ CEO ဖြစ်သူ Sherif Marakby က ကုမ္ပဏီဘက်ကကြည့်ရင် ဒီလိုတခြား Foregin region နဲ့ပူးပေါင်းမှုဟာ အဓိပ္ပါယ်ရှိပြီးကောင်းမွန်လှတဲ့ပူးပေါင်းမှုတစ်ခုဖြစ်ကြောင်း၊ အဲ့လို Autonomous vehicle development မှာဆိုရင် region အလိုက် ဒေါ်လာဘီလီယံနဲ့ချီပြီး ကုန်ကျနိုင်တယ်၊ အဲ့တော့ တခြားကုမ္ပဏီတစ်ခုနဲ့ နည်းပညာအပိုင်းပူးပေါင်းလုပ်ကိုင်လိုက်ရင် Risk နဲ့ Reward ပိုင်းမှာပိုပြီးထိရောက်နိုင်မှာလည်းဖြစ်တယ်လို့ FT ကိုပြောကြားထားကြောင်းလည်းသိရပါတယ်။ Marakby အနေနဲ့ Driverless car အတွက် ဘယ်အဖွဲ့အစည်းနဲ့ ပူးပေါင်းမယ်ဆိုတာကို အတိအကျမပြောကြားထားပေမယ့် FT ရဲ့ဖော်ပြချက်အရ Volkswagen နဲ့ဖြစ်မယ်ဆိုတာလည်း ဆက်လက်သိရှိရပါတယ်။

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories