August 15, 2018

We ❤️ New Cars!

New Car News in Burmese

Ford Myanmar ဟာတော့ နှစ်စဉ်ကျင်းလေ့ရှိတဲ့ “Driving Skill For Life (DSFL)” ပွဲတော်ကြီးကိုတော့ မေလဆန်းမှာကျင်းပသွားမှာဖြစ်တယ်လို့ တရားဝင်ကြေညာလိုက်ပြီပဲဖြစ်ပါတယ်။ ကျင်းပမယ့်ရက်တွေကတော့ မေလ ၁၁ ရက်နေ့ နဲ့ ၁၂ ရက်နေ့ဖြစ်ပြီး အချိန်ကာလကတော့ မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီ အထိဖြစ်မယ်လို့ဆိုထားပါတယ်။ မနက် ၉ ခွဲကနေ ၁၂…  နေ့လည် ၁ ခွဲကနေ ၄ နာရီအထိ ဆိုပြီး ပွဲချိန်နှစ်ခုခွဲထားပါတယ်။ (ပွဲကျင်းပမယ့် နှစ်ရက်လုံးမှာ ပွဲချိန် ၂ ချိန်ခွဲထားတာဖြစ်ပါတယ်။)

ကျင်းပမယ့်တည်နေရာကတော့ ရန်ကုန်မြို့အမှတ် ၆ (A)၊ ပေါ်ဆန်းမွှေးလမ်း၊ ၂၉ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ် က The One Entertainment Park မှာပါ။ ပွဲကိုဉီးစီးကျင်းပတဲ့ Ford Myanmar ရဲ့အဓိကရည်ရွယ်ချက်ကတော့ ပြည်သူတွေ Automotive Knowledage တိုးတက်လာစေဖို့ပဲဖြစ်ပါတယ်။ ရည်ရွယ်ချက်အတိုင်းပဲ Ford Myanmar ဟာပွဲကျင်းပမယ့် ၂ ရက်အတွင်းမှာ

၁.      International Automobile Trainer တွေရဲ့ Automobile Knowledge Training အတန်းတွေကိုအခမဲ့တက်နိုင်ပြီး Certificate ပါတစ်ပါးတည်းပေးနိုင်အောင်၊

၂.      Ford ရဲ့ Brand New ကားအသစ်စက်စက်တွေကို စမ်းသပ်မောင်းနှင်နိုင်အောင် Test Driving အစီအစဉ်ကိုပါ စီစဉ်ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Automobile Knowledge တွေအများကြီးကိုသိခွင့်ရမှာဖြစ်ပြီး Certificate ကိုပါတစ်ပါးတည်းယူဆောင်သွားနိုင်ရုံသာမက Ford Brand New ကားအသစ်ကြီးကို စမ်းသပ်မောင်းနှင်နိုင်တဲ့အခွင့်အရေးကလည်းရှိသေးတယ်ဆိုတော့ … တန်ပြီလေ! မိတ်ဆွေအနေနဲ့ DSFL ပွဲကြီးကို စိတ်ဝင်စားလို့သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ Ford Myanmar facebook page ကိုသွားပြီး ကွန်းမန်း (သို့) Chatbox ကနေတဆင့်သွားရောက်စာရင်းပေးသွင်းရမှာပါ။

 

Source (Ford Myanmar Facebook Page)

Driving Skill For Life (DSFL)

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories