December 12, 2018

We ❤️ New Cars!

New Car News in Burmese

Ford Myanmar အနေနဲ့ ရန်ကုန်မှာရှိတဲ့ Ford Showroom မှာပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က “Lunar New Year Fiesta 2018” ကိုကျင်းပခဲ့တာဖြစ်ပါတယ်။ Lunar New Year Fiesta မှာ Ford Myanmar ဟာ PONDs Co., Ltd နဲ့ Pizza Co., Ltd တို့နဲ့ပူးပေါင်းပြုလုပ်တဲ့ Lucky Draw အစီအစဉ်တွေမှာ ကံထူးရှင်တွေဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ကြီးမာတွေဆုတွေလွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။ ကြီးမားတဲ့ဆုတွေကို FORD ဟာ အစီအစဉ်နှစ်ပိုင်းခွဲပြီးပေးအပ်ချီးမြှင့်ခဲ့တာပါ။

ပထမပိုင်းမှာတော့ PONDs Men New Year Lucky Draw Campaign မှာ ကံထူးခဲ့သူဖြစ်တဲ့ ကိုမင်းခန့် အား FORD Brandnew Rapcab ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ Pizza Company ရဲ့ New Year Lucky Draw Campaign မှာအနိုင်ရရှိခဲ့တဲ့ ကိုစောသူရစိုး ကို FORD Brandnew Fiesta ကိုပေးအပ်ခဲ့တာဖြစ်ပါတယ်။

 

“Lunar New Year Fiesta 2018” ကိုသွားရောက် မကံစမ်းလိုက်ရတဲ့ သူတွေအတွက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့ အထိကျင်းပမယ့် ကံစမ်းမဲအစီအစဉ်ကလည်းစောင့်ကြိုနေပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အတွင်း ရန်ကုန်နဲ့ မန္တလေး FORD Showroom တွေမှာဝယ်ယူသူတွေအတွက် Grand Prize Lucky draw အဖြစ် FORD Brandnew Fiesta ကိုမဲနှိုက်ကံစမ်းခွင့်ပဲဖြစ်ပါတယ်။ အဲ့တာကြောင့် ဒီရက်ပိုင်း ကားဝယ်ဖို့အစီအစဉ်ရှိတယ်ဆိုရင်တော့ FORD Showroom မှာသွားရောက်စုံစမ်းကြည်ဖို့ တိုက်တွန်းလိုက်ပါတယ်။

 

Source : Ford Myanmar Facebook page

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories