October 18, 2018

We ❤️ New Cars!

New Car News in Burmese

Ford Myanmar ဟာသူ့ရဲ့ နှစ်သစ်ကိုတော့ ကားအရောင်းပြပွဲတစ်ခုကျင်းပပြီး ဖြတ်သန်းတော့မှာပဲဖြစ်ပါတယ်။ အရောင်းပြပွဲကြီးကိုတော့ လာမယ့် ဧပြီလ ၂၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ မြန်မာပလာဇာမှာကျင်းပသွားမှာပါ။ ပွဲကျင်းပမယ့်အချိန်က နံနက် ၉ နာရီကနေ ည ၉ နာရီအထိဖြစ်ပြီး ပြပွဲမှာ Ford ရဲ့ Brand New ကားအသစ်ကြီးတွေကို မိတ်ဆက်ရောင်းချသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။

Ford အနေနဲ့ အရောင်းပြပွဲမှာ မိတ်ဆက်သွားမယ့် ကားအမျိုးအစားနဲ့ နာမည်အတိအကျကိုတော့ ဖော်ပြထားခြင်းမရှိသေးပေမယ့် ပွဲမှာတကယ် ရင်ခုန်ရမှာကတော့ Giveaway အစီအစဉ်ပါ။ ၂၀၁၈ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး မေလ ၁ ရက်နေ့အတွင်း Ford Brand New ကားတွေ ဝယ်ယူခဲ့/ဝယ်ယူမယ့် မိတ်ဆွေတွေအနေနဲ့ Giveaway အစီအစဉ်ကိုပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ Giveaway ရဲ့ဆုကြီးကတော့ Ford Brand New Fiesta ပဲဖြစ်ပါတယ်။ 😮)

Ford Brand New Fiesta ကြီးကစောင့်ကြိုနေရုံသာမက Brand New ကားအသစ်လေးတွေကလည်းစောင့်ကြိုနေမှာ ကြောင့် ကားဝယ်ဖို့အစီစဉ်ရှိနေတဲ့မိတ်ဆွေတွေနဲ့ Brand New Ford ကားတွေကိုကြိုက်နှစ်သက် စိတ်ဝင်စားတဲ့ မိတ်ဆွေတွေအနေနဲ့ သွားရောက်လည်ပတ်သင့်တဲ့ ကားအရောင်းပြပွဲတစ်ခုလို့ပဲဆိုပါရစေ။

 

Source (Ford Myanmar)

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories