October 18, 2018

We ❤️ New Cars!

New Car News in Burmese

Ford F-series ရဲ့ ၂၀၁၈ model ဖြစ်တဲ့ F-150 ဟာဆိုရင် အမေရိကန်စစ်တပ်ရဲ့ အကြိုက်ဆုံးကားတစ်စီးအဖြစ်ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။ Ford ဟာသူ့ရဲ့ F-series ကို အကြမ်းခံနိုင်မှု၊ ကြာရှည်ခံမှု အစရှိတဲ့အရည်သွေးကောင်းတွေကို ထိန်းသိမ်းနိုင်တာကြောင့် အခုလို စစ်တပ်ရဲ့အကြိုက်ဆုံးကားတစ်စီးအဖြစ်ရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

USAA (United Services Automobile Association) ရဲ့ Auto analyst ဖြစ်သူ Jimmy Spears ရဲ့ပြောကြားချက်အရတော့ Ford F-150 ဟာအရင်နှစ်ကလည်း အမေရိကန်စစ်တပ်က ဝယ်ယူမှုအများဆုံးကားတစ်စီးဖြစ်ခဲ့ဖူးတာကိုသိရမှာပါ။

“We are proud and humbled that those who protect and defend our country choose Ford F-Series,” said Todd Eckert, Ford truck group marketing manager. “F-150’s high-strength, military-grade, aluminum-alloy body is designed to serve customers who are used to performing in the harshest of environments and who rely on the capability, durability, and functionality delivered consistently by Built Ford Tough.”
Source :media.ford.com

အပေါ်မှာဖော်ပြထားတာကတော့ Todd Eckert ရဲ့ F-series နဲ့ပက်သတ်ပြီးပြောကြားချက်တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဂုဏ်ပြုချီးမွမ်းခံရတဲ့ F-150 ရဲ့အကြောင်းတွေကိုပါပြောကြားသွားပါသေးတယ်။ Todd Eckert ဟာတော့ Ford truck ရဲ့ မာကတ်တင်းမန်နေဂျာတစ်ဉီးပါ။

2018 F-150 မှာ ၂၀၁၈ အတွင်းမှာပဲ စစ်တပ်ရဲ့အကြိုက်ဆုံးကားဖြစ်ရုံသာမက ၂၀၁၈ Truck of Texas, ၂၀၁၈ Motor Trend Truck of the Year recognitions တို့အပြင် ၂၀၁၈ Kelley Blue Book Best Buy စာရင်းထဲမှာလည်းပါဝင်ခဲ့ပြီးပြီဖြစ်ပါတယ်။ ဒီအောင်မြင်မှုကိုကြည့်ရင် 2018 F-150 ဟာ F-series ကိုသာမက Ford corp အတွက်ဂုဏ်ဆောင်နေတာကို ထင်ထင်ရှားရှားတွေ့မြင်နိုင်မှာပါ။ အောက်မှာဖော်ပြပေးထားတာကတော့ Ford 2018 F-series ကိုစမ်းသပ်မောင်းပုံတွေ၊ ပါဝင်တဲ့ function တွေကိုမိတ်ဆက်ထားတဲ့ ဗီဒီယိုလေးဖြစ်ပါတယ်။ ကြာမြင့်ချိန်ကတော့ ၈ မိနစ်နဲ့ ၄ စက္ကန့်ပါ။

 

Auto News , New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories