October 18, 2018

We ❤️ New Cars!

New Car News in Burmese

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ (တနင်္ဂနွေနေ့) က The Beer Factory မှာကျင်းပခဲ့တဲ့ 2018 Nissan Sunny Test Drive Event ကို Nissan ရဲ့ဖိတ်ကြားချက်နဲ့အတူ ကျွန်တော်တို့ Automyanmar အဖွဲ့ကလည်း Event ကိုသွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ Event မှာကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ ရရှိလာတဲ့ ဓာတ်ပုံအချို့တို့ကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။

ပထမဉီးဆုံးအနေနဲ့ Event မှာပြသထားတဲ့ ကားတွေကိုဖော်ပြပါရစေ။ Nissan Myanmar ဟာ Test Drive Event မှာဆိုရင် 2018 Nissan Sunny, 2017 Nissan Navara, Nissan Sunny ရဲ့ ပြင်ပကိုယ်ထည် အစရှိတာတွေကိုဖော်ပြထားပါတယ်။

2018 Nissan Sunny (SL Grade)

 

 

 

2018 Nissan Sunny (SL Grade) ရဲ့စျေးနှုန်းဟာတော့ ကျပ်သိန်း ၂၅၄ ဖြစ်ပြီး ယခင်ကထက် ၂ သိန်းကျပ် သက်သာပါတယ်။ (၂ သိန်းသက်သာမှုဟာ Test Drive Event မှာပဲဖြစ်ပါတယ်) အတွင်းပိုင်းနဲ့ နောက်ခန်းကျယ်ဝန်းမှု၊ သက်သောင့်သက်သာရှိမှုကတော့ အရင် 2017 Sunny တုန်းကအတိုင်းပါပဲ။ Intelligent Key System, အီလက်ထရစ်ဘေးမှန်ချိုး/မှန်ခေါက်၊ နောက်ကြည့်မှန် မော်နီတာ (Back camera) ပါဝင်မှုတို့က Suuny ရဲ့စွဲဆောင်မှုတွေ လို့ပဲဆိုရမှာပါ။ အင်ဂျင်ပါဝါကလည်း 1.5 သာရှိသာကြောင့် ဆီစားနှုန်းအသင့်အသင့်လောက်နဲ့မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ 2018 Sunny (SL Grade) ကို Grayish Bronze, Black, White အစရှိတဲ့ ကာလာတွေနဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ (White Sunny ကတော့ လာမယ့် ဧပြီလမှ Showroom ကိုရောက်ရှိမှာတဲ့ဗျ)

 

2017 Nissan Navara

 

 

 

 

 

2017 Navara ရဲ့စျေးနှုန်းဟာတော့ USD 4,1600 ဖြစ်ပြီး ယခင်ကထက် USD 500 လောက်သက်သာသွားမှာဖြစ်ပါတယ်။ (USD 500 သက်သာမှုဟာ Test Drive Event မှာပဲဖြစ်ပါတယ်) ၁၈ လက်မ Alloy ဘီးကြီးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဘီးလုံး ပိုင်းကကြီးနေသလို ကားရဲ့ကိုယ်ထည်ကလည်း ကြီးမားနေတာကိုတွေ့ရမှာပါ။

2018 Sunny လိုမျိုးပဲ Intelligent Key System ပါဝင်ပါတယ်။ Hill Start Assist (HSA), Hill Decent Control (HDC), Brake Assist (BA), Anti-Lock Braking System (ABS), Electronic Brake Force Distribution (EBD), Vehicle Dynamics Control (VDC), Traction Control System (TCS), Differential Locking, Active Brake Limited Slip (ABLS) အစရှိတဲ့ Safety System တွေပါဝင်မှုနဲ့တင် မိတ်ဆွေရဲ့ အသက်အန္တရာယ်ပိုင်းကို ၈၀ ရာခိုင်နှုန်းလောက်အထိကာကွယ်ထားနိုင်ပြီလို့ ဆိုနိုင်ပါတယ်။ (ကျန်တဲ့ရာခိုင်နှုန်းကတော့ ကံတရားပေါ့) HDC, HSA system တွေပံ့ပိုးမှုပါဝင်တာကြောင့် ပြင်ဉီးလွင်လိုမျိုး တောင်ပေါ်ဒေသတွေကို အသွားအပြန်ခရီးသွားလာနေတဲ့ မိတ်ဆွေတွေအနေနဲ့ စီးသင့်တဲ့ ကားတစ်စီးလို့ အကြုံပြုချင်ပါတယ်။

(ကျွန်တော်တောင် ပွဲထုတ်ထားတဲ့ Sunny ထက် အဲ့ဒီ Navara လေးကိုပိုခိုက်မိတာဗျ 😁)

Navara ကို Event မှာပြသထားတဲ့ ကာလာကတော့ Savanna Orange ဖြစ်ပြီး လက်ရှိ Showroom တွေမှာရရှိနိုင်တဲ့အရောင်တွေကတော့ Black, Dark Blue, Dark Brown, Gray, White Pearl တို့ပဲဖြစ်ပါတယ်။

 

Nissan Sunny External Appearance

 

ဒါကတော့ 2018 White Sunny ရဲ့ပြင်ပကိုယ်ထည်လေးကို ထုတ်ပြထားတာဗျ။ အဲ့ဒီ ပြင်ပကိုယ်ထည် မှာဆိုရင် ပရိသတ်တွေရဲ့ Nissan အပေါ် ချစ်ခင်မှုကိုဖော်ပြထားတဲ့ စာသားတွေ၊ လက်မှတ်တွေကို တစ်ပြိုင်နက်တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

 

Test Drive

 

Nissan အနေနဲ့ Event မှာစမ်းသပ်မောင်းနှင်နိုင်ဖို့ 2018 Nissan Sunny (SL grade) နဲ့ SV grade ဆိုပြီးကားနှစ်စီး ပေးထားပါတယ်။ စမ်းသပ်မောင်းနှင်လိုသူတွေအနေနဲ့ Register ဉီးဆုံးလုပ်ထားရမှာဖြစ်ပေမယ့် Register မလုပ်ရသေးပဲရောက်ရှိလာတဲ့လူတွေကို လည်း ပွဲမှာလက်ငင်းစာရင်းပေးသွင်းပြီးမောင်းနှင်ခွင့်ပြုထားပါတယ်။ ကားလိုင်စင်ရှိမှသာမောင်းနှင်ခွင့်ပြုပါတယ်။

Test Drive အတွက် စာရင်းပေးသွင်းထားသူတွေကိုလည်း The Beer Factory မှာ ဘူဖေးစနစ်နဲ့ဧည့်ခံကျွေးမွေးခဲ့ပါသေးတယ်။ နောက်ဆုံး အစီအစဉ်ကတော့ Nissan Buy & Win Monthly အစီအစဉ်ရဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ ကံထူးရှင်တွေကို မဲဖောက်ကြေညာတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ ကံထူးရှင်တွေကိုတော့ Nissan Facebook page ကနေတဆင့်ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဝန်ဆောင်ဧည့်ခံမှုကလည်းကောင်း၊ အစားအသောက်တွေကလည်းအဆင်ပြေ၊ Sunny အသစ်ကြီးကိုလည်း စမ်းသပ်မောင်းနှင်နိုင်ခဲ့တာကြောင့် ပျော်စရာကောင်းခဲ့တဲ့ Test Drive Event လေးတစ်ခုလို့ပဲဆိုပါရစေ။

 

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories