December 10, 2018

We ❤️ New Cars!

New Car News in Burmese

တရုတ်မှာရှိနေတဲ့ Nissan ရဲ့ ပူးပေါင်းကုမ္ပဏီ Dongfeng Nissan ဟာတော့ပြီးခဲ့တဲ့ ၂၀၁၈ ဧပြီလတုန်းက Auto China 2018 စတင်မိတ်ဆက်ပြသခဲ့တဲ့ Zero Emission electric car အမျိုးအစား Nissan Sylphy ထုတ်လုပ်မှုကို ဒီနေ့ သြဂုဏ်လ ၂၇ ရက်နေ့မှာစတင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Dongfeng Nissan ဟာတရုတ်နိုင်ငံမှာ ယာဉ်အစီးပေါင်း ၁၀ မီလီယံ တည်ဆောက်ဖြန့်ချီဖူးခဲ့တဲ့ စက်ရုံဖြစ်ပြီး ဒီနေ့မှာတော့ တရုတ်နိုင်ငံမှာ ပထမဉီးဆုံးတည်ဆောက်ထားတဲ့ လျှပ်စစ်သီးသန့်ယာဉ်အမျိုးအစား Sylphy ရဲ့ဖြန့်ချီမှုကိုစတင်လိုက်တာပဲဖြစ်ပါတယ်။ Sylphy ဟာဆိုရင်လက်ရှိကမ္ဘာ့အရောင်းရဆုံး လျှပ်စစ်ယာဉ်မော်ဒယ်အဖြစ်ရပ်တည်နေတဲ့ Sedan အမျိုးအစား Nissan Leaf ကိုအခြေခံတည်ဆောက်ထားတာဖြစ်တဲ့အညီ Automotive Market ကြီးရဲ့ Electrification ခြေလှမ်းအသစ်တစ်ခုဖြစ်နေမယ်လို့လဲ Nissan က ကတိပေးထားပါသေးတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး Nissan Motor ရဲ့ president နဲ့ CEO ဖြစ်သူ Hiroto Saikawa က

“တရုတ်စျေးကွက်မှာ တိုးတက်လာရမယ်ဆိုတာက ကျွန်တော်တို့ရဲ့ Midterm plan Nissan M.O.V.E to 2022 ရဲ့အဓိကအရေးကြီးတဲ့အပိုင်းတစ်ခုပါ။ တရုတ်ဟာလက်ရှိမှာဆိုရင် ကမ္ဘာ့အကြီးဆုံး Automotive Market ကြီးတစ်ခုဖြစ်နေရုံသာမကပဲ ဖွံ့ဖြိုးတိုးတက်မှုအပိုင်း အထူးသဖြင့် Electrification နဲ့ Connectivity အပိုင်းတွေမှာ မှာလည်းမြန်မြန်ဆန်ဆန်တိုးတက်လာပြီး ထိပ်ရောက်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့်နှစ်တွေမှာ တရုတ်ဟာ EVs မာကတ်မှာဉီးဆောင်သွားဖို့ရှိတယ်လို့ မျှော်မှန်းထားလို့ရပါတယ်။ အဲ့လို ဉီးဆောင်လာတဲ့ Evs မာကတ်အပေါ်မှာ ကျွန်တော်တို့ ဒီနေ့စတင်ထုတ်လုပ်မယ့် Nissan Sylph ဟာအရေးပါတဲ့နေရာကပါဝင်နေမယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ချက်ရှိပါတယ်။

ပြီးတော့ လာမယ့် ၂၀၁၉ နှစ်အကုန်လောက်မှာ ကျွန်တော်တို့ရဲ့ DFL ဟာ Nissan, Venucia နဲ့ Dongfeng brand တွေပူးပေါင်းပြီး Electric Vehicle မော်ဒယ် ၅ မျိုးကိုလည်း ထုတ်လုပ်သွားဖို့ရှိနေပါတယ်”
Source: Nissan

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

Dongfeng ဟာ Nissan နဲ့လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ပူးပေါင်းလက်တွဲလာတဲ့ ကုမ္ပဏီဖြစ်ပြီး လက်ရှိတရုတ်မှာ Vehicle အစီးပေါင်း ၁၀ မီလီယံအထိထုတ်လုပ်ပြီးတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ Nissan ဟာ Dongfeng နဲ့လာမယ့်နှစ်တွေမှာ ပူးပေါင်းသွားဉီးမှာဖြစ်ပြီး မြှင့်မားတဲ့နည်းပညာအသစ်တွေပေးစွမ်းသွားဉီးမှာဖြစ်တယ်လို့ လဲ Nissan ကဖော်ပြထားပါသေးတယ်။

New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories