December 10, 2018

We ❤️ New Cars!

New Car News in Burmese

DFM Myanmar ဟာတော့ လာမယ့်အောက်တိုဘာလ ၅ ရက်နေ့ ကနေ ၇ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကားအရောင်းပြပွဲတစ်ခုကျင်းပသွားဖို့ရှိနေတယ်လို့သိရပါတယ်။ မန္တလေးမြို့ Skywalk Shopping Mall မှာ နံနက် ၉ နာရီကနေ ည ၈ နာရီအထိကျင်းပသွားမှာဖြစ်တယ်လို့လဲသိရပါတယ်။

၃ ရက်တိုင်တိုင်ကျင်းပသွားမယ့်ကားအရောင်းပြပွဲမှာဆိုရင် DFM Myanmar ဟာ SUV အမျိုးအစား DFM AX7, Hatchback အမျိုးအစား DFM H30 Cross, Sedan အမျိုးအစား DFM New S30, MPV အမျိုးအစား DFM C37 အစရှိတဲ့ ကားအမျိုးအစားတွေကို ၂ ရာခိုင်နှုန်းအထူးလျော့စျေးနဲ့ရောင်းချပေးသွားမှာဖြစ်ပြီး အသစ်ရောက်ရှိလာတဲ့ DFM K01H (Mini Truck), ၇ ယောက်စီး DFM S370 (MPV) အစရှိတဲ့ ကားအမျိုးအစားတွေကိုလည်း ကြိုတင်မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့လဲသိရပါတယ်။

ကားအမျိုးအစား အသစ်တွေကိုမြင်တွေ့ရမယ့်အပြင် ကားတန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းလျော့စျေးနဲ့ ဝယ်ယူနိုင်ဉီးမှာဖြစ်တာမို့ မန္တလေးကကားချစ်သူတွေသွားရောက်လည်ပတ်နိုင်အောင် Automyanmar မှသတင်းပေးလိုက်ပါတယ်။ ရန်ကုန်မှာတော့လာမယ့် အောက်တိုဘာလ ၁၂ ရက်နေ့မှာ Roadshow တစ်ခုကျင်းပသွားဖို့ရှိနေတယ်လို့သိရပါတယ်။

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories