October 15, 2019

We ❤️ New Cars!

New Car News in Burmese

DFM Myanmar ဟာတော့ S370 ကားအသစ်အတွက် ပြီးခဲ့တဲ့နိုဝင်ဘာလ ၃၀ ရက်နေ့က Showroom မှာ Launch event တစ်ခုပြုလုပ်ပြီး မြန်မာနိုင်ငံကားစျေးကွက်ထဲကိုတရားဝင်ခေါ်ဆောင်လာပြီဖြစ်ပါတယ်။

၂၀၁၈ မော်ဒယ် S370 ဟာတော့ Multi Purpose Vehicle (MPV) ကားအမျိုးအစားဖြစ်ပြီး Leather အမျိုးအစား ထိုင်ခုံ ၇ လုံးပါဝင်ပါတယ်။ 2WD ဖြစ်ပြီး ၁၅၀၀ စီစီ ဓာတ်ဆီအင်ဂျင်အမျိုးအစားနဲ့ Electronic Parking Brake system တပ်ဆင်ထားမယ်လို့သိရပါတယ်။ ကားရဲ့ Dashboard ပိုင်းကလည်းသေသပ်လှပတဲ့ ဒီဇိုင်းတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားပြီး ၇ လက်မအရွယ်ရှိတဲ့ Touch Screen TV ပါဝင်နေမယ်လို့လဲသိရပါတယ်။ ဒါ့အပြင် Speaker ၄ လုံး၊ Multi Media Player, Rear View Camera, Multifunctional Steering Wheel, Bluetooth System, Anti-Pinch နဲ့ One Power Sunroof တို့နဲ့ ကားကိုပံ့ပိုးပေးထားမှာဖြစ်တယ်လို့သိရပါတယ်။

ကားရဲ့စျေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၀၅၀၀ ဖြစ်ပြီး + ဝင်ငွေခွန်နဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ကားအတွက် ၂ နှစ် (သို့) ကီလို ၆ သောင်း အာမခံထားပြီး After Sales service ကောင်းများလည်းပေးအပ်ထားတယ်လို့သိရပါတယ်။

Source

New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories