January 16, 2018

We ❤️ New Cars!

New Car News in Burmese

Detroit Motor Show ဟာဆိုရင် ၂၀၁၈ မှာကျင်းပမယ့် Motor Show တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Detroit Motor Show ဟာ North American International Auto Show (NAIAS) ဆိုပြီးတော့လည်း အမည်နောက်တစ်မျိုးတွင်ပါသေးတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းက Avalon Brand New Model ကားကို ၂၀၁၈ မှာကျင်းပမယ့် NAIAS မှာကျင်းပမယ်လို့ ပြောခဲ့ဖူးပါတယ်။ Website ကိုလာလည်ဖူးတဲ့လူဆို သိနေမှာဖြစ်ပေမယ့် အခုမှလာလည်တဲ့ မိတ်ဆွေအသစ်ဆိုရင်တော့ အောက်ပါ လင့် ကနေသွားရောက်ကြည့်ရှု့နိုင်ပါတယ်။

Avalon

NAIAS ကိုကျင်းပမယ့်နေရာကတော့ Detroit မှာရှိတဲ့ Cobo center မှာကျင်းပမှာဖြစ်ပါတယ်။ Detroit ဆိုတာကတော့ Michigan State မှာရှိတဲ့ ပြည်နယ်တစ်ခုပါ။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာကျင်းပခဲ့တဲ့ Detroit Motor Show မှာဆိုရင် Audi Q8 flagship နဲ့ VW Tiguan Allspace စတာတွေအပါအဝင် Brand New ကားတွေကိုမိတ်ဆက်ပြသခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာ တော့ မနှစ်ကနဲ့မတူညီတဲ့ ကားအလန်းကြီးတွေ၊ မြင့်မားတဲ့နည်းပညာတွေ၊ ကားတွေကိုဖန်တီးတဲ့ အင်ဂျင်နီယာတွေ နဲ့လည်းတွေ့ဆုံရမှာပါ။

ပွဲကျင်းပမှာကတော့ ၁၄ရက်နေ့ကစပြီး ၂၈ ရက်နေ့အထိပဲဖြစ်ပါတယ်။ တစ်ရက်နဲ့ တစ်ရက်မတူညီတဲ့ ကားအသစ်တွေ၊ နည်းပညာအသစ်တွေကို မိတ်ဆက်သွားမှာဖြစ်တာကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့ ၂၀၁၈ ရဲ့ ပွဲဉီးထွက်  Motor Show တစ်ခုပဲဖြစ်ပါတယ်။ လက်မှတ်ကိုတော့ Online Ticket System နဲ့ ရောင်းချနေတာဖြစ်ပြီး စိတ်ဝင်စားရင်အောက်ပါလင့် ကနေသွားရောက်ကြည့်ရှု့နိုင်ပါတယ်။

Link –  naias.com

လက်မှတ်ဝယ်တဲ့အခါမှာ ပွဲကျင်းပမယ့် ၁၄ ရက်စာလုံးဝယ်စရာမလိုပဲ မိမိစိတ်ဝင်စား လို့သွားရောက်ကြည့်ချင်တယ့် ရက်အတွက်သာဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်ဖော်ပြခဲ့တဲ့ Mortor Show Official link ထဲမှာ ရက်အလိုက် ကျင်းပမယ့်အစီအစဉ်တွေပါဝင်ပြီး စျေးနှုန်းတွေလည်းပါဝင်တာကြောင့် မိတ်ဆွေအတွက်အဆင်ပြေစေမှာပါ။ ကျွန်တော်သိထားတဲ့ Mortor Show တချို့ကိုနောက် article တွေမှာ ဆက်လက်ဖော်ပြပေးသွားဖို့ရှိတာကြောင့် စိတ်ဝင်စားရင် ဆက်လက်စောင့်ကြည့်ဖို့ဖိတ်ခေါ်ပါရစေ။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

Recent Posts

Recent Comments

    Archives

    Categories