August 15, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်ဆိပ်ကမ်းကတဆင့် တင်သွင်းလာတဲ့ Delivery Van မော်တော်ယာဉ်တွေကို ဆိပ်ကမ်းပြင်ပ ထုတ်ယူတဲ့အခါမှာ အခကြေးငွေပေးဆောင်ရတယ်လို့ တိုင်ကြားခံထားရတာကြောင့် အကောက်ခွန် အမှုထမ်း/အရာထမ်း ၁၂ ဉီးကတော့ အဂိတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေနဲ့ အမှုဖွင့်အရေးယူခြင်းခံရတယ်လို့ အဂိတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ဇူလိုင် ၁၆ ရက်နေ့ကထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ပေးပို့ခဲ့တဲ့တိုင်ကြားစာမှာ ဆိုရင် Delivery Van မော်တော်ယာဉ်တွေကို ရန်ကုန်ဆိပ်ကမ်းကနေတဆင့် တင်သွင်းရာမှာ ဆိပ်ကမ်းပြင်ပသို့ ထုတ်ယူခွင့်ရရှိဖို့ အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်များကတစ်ဆင့်ငွေပေးရခြင်း၊ မော်တော်ယာဉ်တင်သွင်းခြင်းနဲ့ သက်ဆိုင်တဲ့လုပ်ငန်းများကြီးကြပ်ရေးကော်မတီရဲ့ မူဝါဒသတ်မှတ်ချက်နှင့် မကိုက်ညီဘဲ တင်သွင်းလာသောယာဉ်တွေကို ဆိပ်ကမ်းမှထုတ်ယူနိုင်ရန် ငွေပေးရခြင်း အစရှိတာတွေအစဉ်အလာဖြစ်နေမှုတွေကို စုံစမ်းဖော်ထုတ်ပေးဖို့လည်းပါဝင်ကြောင်းသိရရှိရပါတယ်။

Delivery Van ကား ၃ စီးထုတ်ယူရာမှာ အကောက်ခွန်ဉီးစီးငှာနစစ်ဆေးရေးအရာရှိကငွေကျပ် ၂၄ သိန်း၊ Model Year စစ်ဆေးအတည်ပြုတဲ့ ဉီးစီးအရာရှိက ၁၅ သိန်း ယူခဲ့ကြောင်း ဒုတိယအကြိမ် Delivery Van ၂ စီးကိုဆိပ်ကမ်းက တဆင့်ထုတ်ယူရာမှာတော့ စစ်ဆေးရေးအရာရှိကို ၂၄ သိန်း၊ ယာဉ်စစ်ဆေးချက်အမှုတွဲတွေကိုစိစစ်လက်မှတ်ရေးထိုးသူ ဉီးစီးအရာရှိကို ၈ သိန်း၊ အကောက်ခွန်မှူးကို ၄ သိန်းနဲ့ Delivery Van ၂ စီးကိုလေလံပယ်ဖျက်ဘုတ်အဖွဲ့နဲ့ စစ်ဆေးခံပြီး ဆိပ်ကမ်းမှထုတ်ယူနိုင်ရေးအတွက် ကာကွယ်ရေးငှာနခွဲမှ လက်ထောက်အကောက်ခွန်မှူးနဲ့ ဒုလက်ထောက်အကောက်ခွန်မှူးတို့ကို ငွေကျပ် ၁၂ သိန်းပေးခဲ့ရတယ်လို့လဲတိုင်ကြားစာမှာဖော်ပြထားကြောင်းလည်းသိရှိရပါတယ်။

ကော်မရှင်အနေနဲ့ လက်ရှိ အဂိတိလိုက်စားမှုနဲ့ အမှူဖွင့်အရေးယူခြင်းခံထားရတဲ့ အကောက်ခွန် အမှုထမ်း/အရာထမ်း ၁၂ ဉီးကို ၂၀၁၃ ခုနှစ် အဂိတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၆ အရသော်လည်းကောင်း၊ ၂၀၁၃ ခုနှစ် အဂိတိလိုက်စားမှု တိုက်ဖျက်ရေး ၅၆/၆၃ နဲ့သော်လည်းကောင်း အရေးယူသွားဖို့ စီစဉ်နေကြောင်းကိုလည်း သိရှိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories