November 18, 2018

We ❤️ New Cars!

New Car News in Burmese

Lamborghini ဟာတော့သူ့ရဲ့ 2019 Spring Summer Collection ကို Palazzo Gavazzi မှာကျင်းပခဲ့တဲ့ Milano Moda Uomo Fashion week မှာချပြခဲ့ပြီပဲဖြစ်ပါတယ်။ 2019 Spring Summer Collection တွေဖြစ်တဲ့ Huracan Performante နဲ့ Huracan RWD Coupe ကိုဖော်ပြခဲ့တာပါ။

ဖက်ရှင်ပြပွဲတစ်ခုလုံးကို Lamborghini အငွေ့အသက်တွေနဲ့ပြည့်နှက်နေအောင် Lamborghini ကားအရုပ်တွေ၊ ပုံရိပ်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။ ဒါ့အပြင် အင်္ကျီ collections တွေနဲ့ ပရိဘောဂအသုံးအဆောင် collections တွေကိုလည်း Lamborghini အငွေ့အသက်နဲ့ တစ်သားတည်းဖြစ်နေအောင် ဖော်ပြထားတာကိုတွေ့ရဉီးမှာဖြစ်ပါတယ်။ ထူးခြားတာက Milano Moda Uomo Fashion week မှာ Cervelo နဲ့ Centro Stile Lamborghini တို့ပူးပေါင်းပြီး ဒီဇိုင်းရေးဆွဲထားတဲ့ ကမ္ဘာ့အမြန်ဆုံးနဲ့ အပေါ့ဆုံး Limited Edition triathlon P5X bicycle ကိုဖော်ပြထားတာပါ။ ဒီဇိုင်းအနေအထားကတော့ မြင်တာနဲ့ကိုကြွေလောက်မယ့်အနေအထားတစ်ခုပါ။

ဆိုတော့ Milano Moda Uomo Fashion week မှာဖော်ပြခဲ့တဲ့ 2019 Spring Summer Collection နဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေရဲ့ ပုံရိပ်တွေကို မိတ်ဆွေအတွက် အောက်မှာဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။

 

 

 

 

 

 

 

 

 

 

 

Source (Lamborghini)

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: