October 18, 2018

We ❤️ New Cars!

New Car News in Burmese

နိုင်ငံတကာက တင်သွင်းလာတဲ့ ပြည်ပမော်တော်ယာဉ်တွေ ကြိုတင်စစ်ဆေးမှုကို ယခင်က အကောက်ခွန်ဉီးစီးငှာနကသာလုပ်ဆောင်ခဲ့တာဖြစ်ပြီး မကြာမှီအချိန်မှာတော့ ကညနနဲ့ အကောက်ခွန်ဉီးစီးငှာနတို့ ပူးပေါင်းပြီးလုပ်ဆောင်သွားတော့မှာဖြစ်တယ်လို့သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး အကောက်ခွန်ဉီးစီးငှာနတာဝန်ရှိသူတစ်ဉီးက

“ဆိပ်ကမ်းမှာ ပုံမှန်တင်သွင်းလာတဲ့ကားတွေကို ကြိုစစ်ဆေးတာကို ကညန နဲ့ကာစတန်တို့ပူးပေါင်းစစ်ဆေးဖို့တင်ပြထားတယ်။ တစ်ကယ်လို့ အကြောင်းတစ်ခုခုကြောင့် ကညနရောက်လို့ လွဲမှားတာရှိရင်ပြန်စစ်ဆေးဖို့အတွက် တင်ပြထားပါတယ်။”

လို့ပြောကြားထားကြောင်းသိရပါတယ်။

လက်ရှိမှာတော့ ပြည်ပကတင်သွင်းလာတဲ့ မော်တော်ယာဉ်တွေကို ဆိပ်ကမ်းမှာ ကားပုံသဏ္ဍာန် အရှေ့အနောက်ပတ်လည် ဓာတ်ပုံရိုက်ယူပြီး ဓာတ်ပုံအထောက်အထားတွေနဲ့ ကားအချက်အလက်အမျိုးအစားတွေကို grade ခွဲလုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။ စီမံချက်နဲ့တင်သွင်းလာတဲ့ကားတွေကိုတော့ ကြိုတင်စစ်ဆေးခွင့်မပြုပဲ ဆိပ်ကမ်းကထုတ်ယူခွင့်ပြုနေတယ်လို့လဲသိရပါတယ်။ ဒီနှစ်ထဲမှာတော့ ညာမောင်းယာဉ်တင်သွင်းတာကို တားမြစ်လိုက်တာကြောင့် ပြည်ပကားတင်သွင်းမှုနည်းပါးလာတာဖြစ်ပြီး ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်တဲ့ Brand new ကားတွေစျေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့လဲဆိုကြပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories