December 12, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိနေတဲ့ YBS ကားများထည့်သွင်းရသည့် CNG ဆိုင်များကို မကြာခင်ရန်ကုန်မြို့အပြင်ဘက်ကိုပြောင်းလဲဖို့ အစီအစဉ်ဆွဲနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ရောင်းချရေးငှာနက တဆင့်သိရှိရတာဖြစ်ပါတယ်။ CNG ဆိုင်တွေအတွက်မြို့အပြင်မှာမြေနေရာရရှိတာနဲ့ပြောင်းရွေ့တော့မှာပါ။

လက်ရှိပြေးဆွဲလျက်ရှိတဲ့ YBS ကားများအတွက်ထည့်သွင်းရသည့် CNG ဆိုင်များသာပြောင်းရွေ့ရမှာဖြစ်ပြီး အငှားယာဉ်များအတွက် CNG ဆိုင်တွေကတော့ ပြောင်းရွေ့သွားမှာမဟုတ်ပါဘူး။

“ခရီးသည်​တင်​ YBS ကား​တွေအတွက်​ပဲ မြို့ပြင်​​နေရာကို ​ပြောင်​းဖို့ရှိပါတယ်​။ တက္ကစီ ကား​တွေက​တော့ အရင်​လိုပဲ CNG ဆိုင်​​တွေမ​ပြောင်​းပါဘူး။ ဒါကလည်​း ​မြေ​နေရာအတိအကျမသိ​သေးတာ​ကြောင်​့ ချက်​ခြင်​းကြီး​တော့ မလုပ်​ဖြစ်​​သေးပါဘူး။” ဟုလည်း ရန်​ကုန်​တိုင်​း​ဒေသကြီး မော်​​တော်​ယာဉ်​သုံး သဘာဝဓတ်​​ငွေ့​ ရောင်​းချ​ရေးဌာနတာဝန်​ရှိသူတစ်​ဦးက ​ပြောကြားထားပါတယ်။
Source :www.carsdb.com

ကျွန်တော်တို့ရန်ကုန်မြို့မှာ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) ရောင်းချနေတဲ့ဆိုင်က ၄၂ ဆိုင်သာရှိနေပြီး YBS ကားတွေအတွက်ဆိုင်ပေါင်းက ၃၁ ဆိုင်ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ CNG ဆိုင် ၁၀ ဆိုင်ကတော့ အငှားယာဉ်တွေအတွက်ပဲဖြစ်ပါတယ်။ ပြောင်းရွေ့မယ့်မြေကို မသတ်မှတ်ရသေးတာကြောင့် ပြောင်းရွေ့မှုစီမံကိန်းကတော့ အနည်းငယ်ကြာမြင့်ဉီးမှာပါ။

Features

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories