Chevrolet Myanmar ဟာတော့ လာမယ့် စက်တင်ဘာ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ Road Show တစ်ခုကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ Road Show ကိုတော့ နေပြည်တော်မှာရှိတဲ့ Sinma Living Mall မှာ နံနက် ၉ နာရီကနေ ည ၉ နာရီအထိကျင်းပသွားမှာဖြစ်တယ်လို့လဲသိရပါတယ်။
Road Show ရဲ့ Promotion ကာလမှာဆိုရင် Chevrolet ကားတွေကို USD 6000 discount နဲ့ရောင်းချပေးသွားမှာဖြစ်ပြီး Chevrolet Malibu ကို အမေရိကန်ဒေါ်လာ ၅၅,၀၀၀၊ Trail Blizer ကို အမေ ရိကန်ဒေါ်လာ ၇၅,၀၀၀၊ Suburban ကို အမေရိကန်ဒေါ်လာ ၁၈၉,၀၀၀၊ Trax ကို အမေရိကန်ဒေါ်လာ ၄၅,၀၀၀ နဲ့ Cruze ကို အမေရိကန်ဒေါ်လာ ၃၉,၀၀၀ အစရှိတဲ့စျေးနှုန်းတွေနဲ့ ရောင်းချပေးသွားမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အရစ်ကျဝယ်ယူလို့ရနိုင်မှာလည်းဖြစ်ပြီး Downpayment ၃၀ ရာခိုင်နှုန်းစတင်ပေးသွင်းပြီး ၁ နှစ်ကနေ ၅ နှစ်အထိအရစ်ကျစနစ်နဲ့ ဝယ်ယူသွားနိုင်မှာဖြစ်တယ်လို့လဲသိရပါတယ်။
အားလပ်ရက်တွေမှာကျင်းပမယ့် Road Show လေးတစ်ခုဖြစ်တာမို့ နေပြည်တော်က ကားချစ်သူတွေသွားရောက်လည်ပတ်နိုင်အောင် ကျွန်တော်တို့ Automyanmar ကသတင်းပေးလိုက်ပါတယ် ခင်ဗျာ။