November 18, 2018

We ❤️ New Cars!

New Car News in Burmese

Chevrolet Myanmar ဟာတော့ သူ့ရဲ့ Road Show ကို City Mall St.John Shopping Center မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ကနေ လာမယ့် သြဂုတ်လ ၁၉ ရက်နေ့အထိကျင်းပသွားမှာပဲဖြစ်ပါတယ်။ ပွဲကျင်းပတဲ့ တစ်ပတ်တာကာလအတွင်းမှာ ပြသထားတဲ့ ကားတွေအပြင် တခြား Chevrolet ကားအမျိုးအစားတွေကိုပါ USD 2000 လျော့စျေးနဲ့ဝယ်ယူသွားနိုင်မှာဖြစ်တယ်လို့ Chevrolet Myanmar မန်နေဂျာတစ်ဉီးရဲ့ပြောကြားချက်အရ သိရပါတယ်။

Road Show မှာတော့ 2018 Chevrolet Malibu, 2018 Chevrolet Trax, Chevrolet Cruze အစရှိတဲ့ကားအမျိုးအစားတွေကိုဖော်ပြပေးနေလျက်ရှိပြီး Malibu ကို အမေရိကန်ဒေါ်လာ ၅၃,၀၀၀ ဝန်းကျင်၊ Trax ကိုအမေရိကန်ဒေါ်လာ ၄၃,၀၀၀ ဝန်းကျင် နဲ့ Cruze ကိုအမေရိကန်ဒေါ်လာ ၃၇,၀၀၀ ဝန်းကျင် အစရှိတဲ့စျေးနှုန်းတွေနဲ့ ရောင်းချပေးလျက်ရှိနေတယ်လို့ Chevrolet Myanmar လဲသိရပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့အထိကျင်းပနေဉီးမှာဖြစ်တာကြောင့် Chevrolet ကြိုက်နှစ်သက်သူမိတ်ဆွေတွေသွားရောက်လည်ပတ်ကြည့်ရှု့နိုင်အောင်နဲ့ အထူးလျော့စျေးနဲ့ဝယ်ယူနိုင်အောင် Automyanmar မှသတင်းပေးလိုက်ပါတယ်ခင်ဗျာ။

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: