October 18, 2018

We ❤️ New Cars!

New Car News in Burmese

ရှဲလ်၊ မီးလုံး နဲ့ ရုပ်ပြောင်းလဲမှုတွေပြုလုပ်ထားတဲ့ ကားတွေကို ရဲစခန်းအပ်သွားမှာမဟုတ်ပဲ မူလစက်ရုံထုတ်ပုံစံအတိုင်းပြန်လည်ပြင်ဆင်သွားရမှာဖြစ်တဲ့အကြောင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးငှာနကပြောကြားထားကြောင်းသိရပါတယ်။

မိမိရဲ့မော်တော်ယာဉ်ကို မှတ်ပုံတင်စစ်ဆေးမှုလုပ်ငန်းတွေလာရောက်ဆောင်ရွက်တဲ့အခါမှာ ယာဉ်ရဲ့ခုနှစ်ပုံစံ၊ အတိုင်းအတာ၊ တင်အား အစရှိတာတွေက မူလစက်ရုံထုတ်ပုံစံနဲ့တူညီမှုမရှိဘူးဆိုရင် အကောက်ခွန်မှ စစ်ဆေးထားတဲ့ ဓာတ်ပုံအထောက်အထားတွေကို ပြလို့ရမှာမဟုတ်ပဲ မူလစက်ရုံထုတ်ပုံစံအတိုင်းပြန်လည်ပြင်ဆင်ရမှာဖြစ်တယ်လို့သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးငှာနအကြီးတန်းအရာရှိတစ်ဉီးက

“ယာဉ်တစ်စီးကို ရုပ်ပြောင်းထားတာ ရှဲလ်ပြောင်းထာတာမီးလုံး၊ မီးခွက် ပြောင်းထားတဲ့ကားတွေကို ရဲစခန်းမအပ်ပါဘူး။ အရင်စက်ရုံထုတ်ပုံစံအတိုင်းပြန်ပြင်ရမယ်။ ကနဉီးမှတ်ပုံတင်ရင်လည်း မူလစက်ရုံက တင်သွင်းထားတဲ့ ပုံစံဘဲဖြစ်ရမယ်။ ကာစတန်းက စစ်ဆေးတဲ့ ဓာတ်ပုံအထောက်အထားပြရင်လည်း မရပါဘူး။”

လို့ပြောကြားထားကြောင်းလည်းသိရပါတယ်။

လက်တလောမှာ မူလစက်ရုံထုတ်ပုံစံနဲ့ကွဲပြားနေတဲ့ယာဉ်တွေများစွာရှိနေပြီး အဲ့ဒီယာဉ်တွေကို လက်ရှိမှာ အချက်လက်တွေနဲ့စစ်ဆေးပေးပြီး ယာဉ်သက်တမ်းမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ပေးမှာဖြစ်ပေမယ့် အသိပေးကြေညာထားတဲ့ နောက်ပိုင်း အချိန်တွေမှာတော့ မူလစက်ရုံထုတ်ပုံစံနဲ့ ကွဲလွဲနေရင် လက်ခံဆောင်ရွက်ပေးမှာမဟုတ်တော့တဲ့အကြောင်းကိုလည်းသိရှိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories