December 12, 2018

We ❤️ New Cars!

New Car News in Burmese

CarsDB ကကြီးမှူးပြီး CarsDB Luxury Auto Show 2018 ကိုတော့ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့ကစတင်ပြီး ၂၆ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်မြို့ ပြည်လမ်းမပေါ်မှာရှိတဲ့ Novotel Yangon Max မှာ နံနက် ၁၀ နာရီကနေ ည ၈ နာရီအထိကျင်းပသွားမှာဖြစ်တယ်လို့ လဲသိရပါတယ်။

ပွဲမှာဆိုရင်တော့ မတူညီတဲ့ Luxury ကားအမျိုးအစားများစွာကို ချပြသွားမှာဖြစ်တာကြောင့် ကားဝယ်ယူလိုသူတွေနဲ့ ကားဝါသနာရှင်တွေ အတွက်စိတ်ဝင်စားစရာပွဲတစ်ခုဖြစ်နေမှာပါ။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက CarsDB Luxury Auto Show 2018 မှာပါဝင်တဲ့ Test Drive အစီအစဉ်ပါပဲ။

Mercedes-Benz Myanmar မှ Mercedes-Benz GLC, Mercedes-Benz GLE, Mercedes-Benz GLS

Jaguar မှာ Jaguar E-Pace

Land Rover မှ Land Rover RANGE ROVER Sport, Land Rover Discovery Sport

Volvo Myanmar မှ Volvo S90, Volvo XC90, Volvo XC40

Peugeot Myanmar မှ Peugeot 5008

အစရှိတဲ့ ကားအမျိုးအစားတွေကို Test Drive အနေနဲ့ မောင်းနှင်ခွင့်ရရှိမှာဖြစ်ပြီး Test Drive အစီအစဉ်ကိုစိတ်ဝင်စားသူတွေအနေနဲ့ ကတော့ ဒီကနေ တဆင့်သွားရောက်ပြီး အချက်လက်တွေဖြည့်စွတ်စာရင်းပေးသွားရမှာဖြစ်တယ်လို့ သိရပါတယ်။ ကျင်းပမယ့် ရက်က စနေ နဲ့ တနင်္ဂနွေဖြစ်နေတာကြောင့် ကားဝါသနာရှင်တွေ သွားရောက်ကြည့်ရှု့နိုင်ဖို့ Automyanmar မှာအသိပေးလိုက်ပါတယ် ခင်ဗျာ။

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories