December 12, 2018

We ❤️ New Cars!

New Car News in Burmese

မန္တလေးမြို့တော်ကြီးရဲ့ပထမဆုံးနဲ့ အကြီးကျယ်ဆုံးဖြစ်တဲ့ CarsDB Auto Show 2018 ကိုတော့ မတ်လ ၃ ရက်နေ့ကစပြီး ၅ ရက်နေ့အထိ ၃ ရက်တာကျင်းပသွားမှာပဲဖြစ်ပါတယ်။ အချိန်ကတော့ မနက် ၁၀ နာရီကနေ ည ၈ နာရီအထိဖြစ်ပြီး မန္တလေးသီရိအဆင့်မြင့်အားကစားကွင်းမှာ ကျင်းပပြုလုပ်သွားမှာပါ။ ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၅ ရက်နေ့က Oriental House မှာကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။

CarDB Auto Show မှာတော့ Ford, Jaguar, Nissan, Mitsubishi, DongFeng, Suzuki, Chevrolet, Toyota, Yutong, KIA, Peugeot တို့ရဲ့ မော်ဒယ်အသစ်ဆက်ဆက်ယာဉ်တွေကိုချပြသွားမှာဖြစ်ပြီး စမ်းသပ်မောင်းနှင်ခွင့်ပေးမယ့်အစီအစဉ်လည်းပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင်မော်တော်ယာဉ်တွေနဲ့သက်ဆိုင်ရာအပိုပစ္စည်းရောင်းချတဲ့လုပ်ငန်းတွေ၊ ဘဏ်နှင့် မော်တော်ယာဉ် အာမခံလုပ်ငန်းတွေလည်းပါဝင်မှာဖြစ်ပြီး ပြခန်းစုစုပေါင်းအရေအတွက် ၄၀ ကျော်ပါဝင်မယ်လို့လဲပြောကြားထားပါတယ်။ မော်တော်ယာဉ်မော်ဒယ်အသစ်တွေ နဲ့ ယာဉ်နှင့်သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းတွေသာမက နာမည်ကြီးတေးသံရှင်တွေရဲ့ သီဆိုဖျော်ဖြေမှု၊ အမှတ်တရလက်ဆောင်ပေးအပ်မှု နဲ့ ကံစမ်းမဲဖောက်ပေးမယ့် အစီအစဉ်တွေကိုပါ ၃ ရက်တာလုံး ထည့်သွင်းပေးထားတဲ့ Auto Show တစ်ခုပဲဖြစ်ပါတယ်။

ကားချစ်သူတွေနဲ့ ကားနဲ့သက်ဆိုင်ရာလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေလက်မလွှတ်သင့်တဲ့ Auto Show တစ်ခုဖြစ်တာကြောင့် အချိန်ရရင်သွားကြဖို့ အကြံပြုလိုက်ပါတယ်။

 

Source (Facebook event)

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories