July 17, 2018

We ❤️ New Cars!

New Car News in Burmese

CarsDB Auto Show Mandalay 2018 ဟာတော့ မတ်လ ၃ ရက်နေ့မှာစတင်ကျင်းပခဲ့တာဖြစ်ပြီး မတ်လ ၅ ရက်နေ့ (မနေ့က) ပဲအောင်မြင်စွာပြီးမြောက်သွားပြီဖြစ်ပါတယ်။ ကျွန်တော်တို့ AutoMyanmar အဖွဲ့ကလည်း မန္တလေးကိုတကူးတကသွားရောက်ပြီး CarsDB Auto Show ကိုသွားရောက်ကြည့်ရှု့လေ့လာဖြစ်ခဲ့ပါတယ်။

Ford, Jaguar, Nissan, Mitsubishi, DongFeng, Suzuki, Chevrolet, Toyota, Yutong, KIA, Peugeot တို့ရဲ့ကားမော်ဒယ်အသစ်ဆက်ဆက်တွေကိုပြသထားပြီး မော်ဒယ်အသစ်ကားအချို့ကိုစမ်းသပ်မောင်းနှင်ခွင့်အစီအစဉ် ကိုပါထည့်သွင်းထားတာကြောင့် စိတ်ဝင်စားစရာ Auto Show တစ်ခုလို့ပဲဆိုချင်ပါတယ်။ ဒါ့အပြင် ဖျော်ဖြေရေးအစီအစဉ်တွေ၊ ကံစမ်းမဲအစီအစဉ်တွေပါ ပါဝင်ခဲ့သေးတာကြောင့် ပျော်ရွှင်စရာ Auto Show တစ်ခုဖြစ်ခဲ့တယ်ဆိုလဲမမှားပါဘူး။ ပွဲကိုသွားရောက်ရင်းကျွန်တော်တို့အနေနဲ့ CarsDB Auto Show မှာပြသနေတဲ့မော်ဒယ်သစ်ကားအချို့ကိုအမှတ်တရဓာတ်ပုံအဖြစ် မှတ်တမ်းတင်ခဲ့ပါသေးတယ်။

 

 

 

 

 

 

 

 

 

 

 

အခြေအနေအမျိုးအမျိုးကြောင့်မသွားရောက်ဖြစ်လိုက်တဲ့ ကားချစ်သူတွေအနေနဲ့ ဒီပုံလေးတွေကိုကြည့်ပြီး Auto Show မှာပြသခဲ့တဲ့မော်ဒယ်အသစ်လေးတွေ၊ မြင်ကွင်းအချို့ကို မြင်ယောင်နိုင်မယ်လို့ယုံကြည်ပါတယ်။ အခုလို Auto Show မျိုး ၂၀၁၉ ခုနှစ်မှာထပ်မံကျင်းပဖြစ်ခဲ့ရင် ရန်ကုန်မှာကျင်းပဖို့မျှော်လင့်ရင်း….

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories