ရန်ကုန်မြို့ရဲ့အကြီးကျယ်ဆုံး ကားပြပွဲကြီးတစ်ခုလို့ခေါ်ဆိုနိုင်တဲ့ CarsDB Auto Show Yangon 2018 ဟာတော့ လာမယ့် နိုဝင်ဘာလ ၁၇ ရက် (စနေနေ့) ကနေ ၁၉ ရက် (တနင်္ဂနွေနေ့) အထိ သံသုမာလမ်း၊ Thuwunnabhumi Event Park မှာ နံနက် ၁၀ နာရီကနေ ည ၉ နာရီအထိကျင်းပသွားတော့မှာပဲဖြစ်ပါတယ်။
Autoshow မှာဆိုရင် GAC, Toyota, Nissan, Mercedes-Benz, Volvo, Mazda တို့အပြင် တခြား Automaker များစွာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ပွဲကာလ အတွင်း ကားအမျိုးအစားစုံစုံလင်လင်နဲ့ Brand new ကားအသစ်ကြီးတွေကိုမြင်တွေ့ရမှာဖြစ်သလို Test Drive အစီအစဉ်တွေကိုပါဝင်ဆင်နွှဲနိုင်ပြီး Automaker တွေရဲ့အထူးပရိုမိုးရှင်းအစီအစဉ်တွေကို ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ ကားနဲ့ပတ်သက်တဲ့ အာမခံတွေကိုလည်း တစ်နေရာတည်းမှာ ပြုလုပ်ဝယ်ယူသွားနိုင်မှာဖြစ်တာကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။
Event မှာဆိုရင်ကားအမျိုးအစားစုံစုံလင်လင်ကိုပဲ ဝယ်ယူကြည့်ရှု့နိုင်မှာမဟုတ်ပါဘူး၊ ကားနဲ့သက်ဆိုင်တဲ့ မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်တွေ (Lubricant, Engine Oil) အစုံအလင်ကိုလည်း တစ်ခါတည်းကြည့်ရှု့ဝယ်ယူထားနိုင်မှာဖြစ်တယ်လို့လဲသိရပါတယ်။ Denko Trading Co.,Ltd, Total Lubricant, Anxen Myanmar Co., Ltd, Myanmar Thiha Co.,Ltd တို့အပါအဝင် ကုမ္ပဏီပေါင်းများစွာ ကားအသုံးအဆောင်ပစ္စည်းအတွက် ပါဝင်နေဉီးမှာဖြစ်တာမို့ မိတ်ဆွေစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှာလည်းဖြစ်ပါတယ်။ အကြီးမားဆုံး ကားပြပွဲကြီးကို ကားချစ်သူမိတ်ဆွေတို့သွားရောက်လည်ပတ်ကြည့်ရှု့နိုင်အောင် Automyanmar မှအသိပေးလိုက်ပါတယ်ခင်ဗျာ။