June 21, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်လိုင်စင် YVQC လက်မှတ်ပြန်လည်ဝယ်ယူချင်နေတဲ့ နယ်လိုင်စင်ရကားအရေအတွက်တွေကများလွန်းတာ၊ ရန်ကုန်ကို တခြားပြည်နယ်နဲ့တိုင်းဒေသကြီးကကားတွေအများအပြားဝင်ရောက်လာမှာ နဲ့ YVQC ခွဲတမ်းလက်မှတ်တွေကို အသစ်ရောက်ရှိလာတဲ့ကားအရေအတွက်ကိုသာ ဉီးစားပေးမှု အစရှိတဲ့အကြောင်းတရားတွေကြောင့် နယ်လိုင်စင်ရပြီးကားများအနေနဲ့ ရန်ကုန်လိုင်စင် YVQC လက်မှတ်ပြန်လည်ဝယ်ယူဖို့ ထင်ထားတာထက်ပိုမိုခဲယဉ်းတော့မှာဖြစ်ပါတယ်။

ရန်​ကုန်​လိုင်​စင် YVQC စနစ်​ လုပ်​​ဆောင်​​နေသူ တာဝန်​ရှိသူတစ်​ဦးကလည်းအောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။

“နယ်​လိုင်​စင်​ရပြီးသားကား​တွေ လတ်​မှတ်​ဝယ်​ပြီး ရန်​ကုန်​လိုင်​စင် ပြန်​လိုချင်​တယ်​ဆိုရင်​ ​နောက်​ပိုင်​းမှာ တစ်​ဖြည်​းဖြည်​း စဉ်းစား​ပေးမှာပါ။ ​ ပြည်​နယ်​တိုင်​းတွေက ကား​တွေများတဲ့အတွက်​ ​နောက်​ပိုင်​းကျမှ​ရောင်​းချ​ပေးမယ်​့ ရန်​ကုန်​လိုင်​စင် YVQC စနစ်​ ခွဲတန်​းထဲက အ​ရေအတွက်​နဲ့ပဲ ခွင်​့ပြု​မှာပါ။”
Source :www.carsdb.com

YVQC စနစ်​ ခွဲတန်​းလက်မှတ်​ရဲ့ သက်​တမ်​းကို နှစ်​ ၂၀ အထိ သတ်​မှတ်​ထားပြီး စျေးနှုန်းကတော့ ကားရဲ့ အင်ဂျင်ပါဝါအလိုက်ကွာဟသွားမှာဖြစ်ပါတယ်။ အင်ဂျင်ပါဝါနဲ့ စျေးနှုန်းပြည့်ပြည့်စုံစုံကိုတော့ မနေ့ကတင်ထားတဲ့ post တစ်ခုကနေသွားရောက်ကြည့်ရှု့နိုင်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories