December 6, 2019

We ❤️ New Cars!

New Car News in Burmese

ကားရဲ့ဘေးတံခါး၊ အနောက်ဘက်အခြမ်းတွေထိခိုက်ရင်ပုံမှန်အတိုင်းပြင်ဆင်ခွင့်ရှိပေမယ့် ကိုယ်ထည် (သို့) ချယ်စီတစ်ဝိုက်ထိခိုက်မိရင်တော့ အကြီးစားပြင်ဆင်မှုလျှောက်ထားရမှာဖြစ်ပြီး ပြင်ဆင်မယ့်နေရာကို မှတ်တမ်းတင်ထားပြီး ရဲမှုပြီးမှသာပြန်လည်ပြင်ဆင်သွားနိုင်မှာဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးငှာနက ပြောကြားထားကြောင်းသိရှိရပါတယ်။

ယာဉ်တိုက်မှုကြောင့် ကိုယ့်ရဲ့ကားကိုယ်ထည်ထိခိုက်မှုဖြစ်သွားပြီဆိုရင်တော့ ကညနမှာအကြီးစားပြင်ဆင်မှုလုပ်ဆောင်ဖို့ လျှောက်ထားရမှာဖြစ်ပြီး ယာဉ်ကိုတစ်ခါတည်းယူဆောင်သွားပြီး ပြင်ဆင်ထားတဲ့နေရာကိုအမှတ်အသားပြုလုပ်ရမှာဖြစ်တယ်လို့သိရပါတယ်။ အဲ့လိုနည်းအတိုင်းဆောင်ရွက်မှုမရှိပဲ ကိုယ့်သဘောနဲ့ကိုယ် ကိုယ်ထည်ပြောင်းလဲမှုပြုလုပ်ထားရင်တော့ ယာဉ်မှတ်ပုံတင်ဖျက်သိမ်းခံရမှာဖြစ်သလို လိုင်စင်မဲ့ယာဉ်အဖြစ်သတ်မှတ်သိမ်းဆည်းသွားမယ့် အကြောင်းကိုလည်းသိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး –

“ထိခိုက်မှုဖြစ်လို့ အကြီးစားပြင်ဆင်ခွင့်လျှောက်မယ်ဆိုရင် ဖြစ်ထားတဲ့ကားကို တစ်ပါးတည်းယူလာဖို့လိုတယ်။ ကားရဲ့ချယ်စီနေရာကိုထိလို့ပြင်တော့မယ်ဆိုရင်တော့ အကြီးစားပြင်ဆင်ခွင့်လျှောက်ရမယ်။ ဘယ်နေရာတွေပြင်ဆင်မယ်ဆိုတာကလည်း ဓာတ်ပုံအထောက်အထားပြရပါမယ်။ အဲ့ဒီပြင်ထားတဲ့နေရာကိုလည်း ကညန မှာအမှတ်အသားမှတ်တမ်းထားရှိထားမှာပါ။”

လို့ပြောကြားထားကြောင်းလည်းသိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories