October 18, 2018

We ❤️ New Cars!

New Car News in Burmese

BMW နဲ့အကျိုးတူပူးပေါင်းထုတ်လုပ်နေတဲ့ Brilliance Auto International Trade Corporation (BAITC) နဲ့ Myanmar Brilliance Auto Company Limited တို့ပူးပေါင်းပြီး ပြည်တွင်းမှာတစ်စိတ်တစ်ပိုင်းတပ်ဆင်ထုတ်လုပ်တဲ့စနစ် (SKD) နဲ့ Brilliance V3 ကားကို မြန်မာနိုင်ငံမှာ ထုတ်လုပ်သွားဖို့ MOU ရေးထိုးပြီးပြီဖြစ်ကြောင်း Myanmar Brilliance Auto Co., Ltd ရဲ့ဒါရိုက်တာဖြစ်သူ ကိုရန်မျိုးအောင်ရဲ့ပြောကြားချက်အရသိရပါတယ်။

Brilliance V3 ဟာတော့ ၂၀၁၈ မော်ဒယ် SUV အမျိုးအစား ဘယ်မောင်းကားဖြစ်ပြီး ရန်ကုန်လိုင်စင်၊ ကညနအခွန်၊ ဝင်ငွေခွန် အပါအဝင် ငွေကျပ်သိန်း ၂၃၀ စျေးနှုန်းအဖြစ် သတ်မှတ်ထားတယ်လို့သိရပါတယ်။ V3 ကိုတော့ ဘဏ်တွေနဲ့ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ဝယ်ယူနိုင်မှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ လောက်ကျရင် ပြည်တွင်းစျေးကွက်မှာ စတင်ရောင်းချသွားဖို့ရှိတယ်လို့ လဲသိရပါတယ်။ အရစ်ကျအနေနဲ့ကတော့ ပထမအရစ် Down payment ၃၀ ရာခိုင်နှုန်း (သို့) ၄၀ ရာခိုင်နှုန်း သွင်းရမှာဖြစ်ပြီး ၁ နှစ်ကနေ ၃ နှစ်အထိ ယူလို့ရမှာပဲဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး Myanmar Brilliance Auto Co., Ltd. ရဲ့ ဒါရိုက်တာဖြစ်သူ ကိုရန်မျိုးအောင်က

“ရန်ကုန်လိုင်စင်ရရှိပြီး ကညနအခွန်၊ ဝင်ငွေအခွန်ပါအပြီးအစီး SUV ဗယ်မောင်းအသစ်တစ်စီးရဲ့ အထူးစျေးနှုန်းကတော့ (၂၃၀ သိန်း) ပဲဖြစ်ပါတယ်။ ကားကောင်းတယ်၊ ရွတ်သမျှမကျန်အောင် အကုန်ထည့်ပေးတယ်၊ အာမခံပါတယ်၊ အရစ်ကျလဲရောင်းချပေးမယ်၊ ဘယ်မှာမှမရတဲ့ SUV ကားအသစ်စက်စက်စျေးနှုန်းလဲဖြစ်ပါတယ်။”

လို့ပြောကြားထားတာပဲဖြစ်ပါတယ်။

လက်ရှိမှာ SUV အမျိုးအစား Brilliance V3 2018 မော်ဒယ် ကို ငွေကျပ်သိန်း ၂၃၀ နဲ့ဝယ်ယူနိုင်မယ်ဆိုတဲ့ သတင်းကြောင့် ကားဝယ်ယူသူတွေဟာ စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိနေတာလည်းဖြစ်ပါတယ်။

New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories