August 19, 2018

We ❤️ New Cars!

New Car News in Burmese

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက နယ်လိုင်စင်ရပြီးသားကားတွေ ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ်ပြန်လည်ရရှိဖို့ကိုခဲယဉ်းသွားမယ်ဆိုတဲ့ သတင်းတွေထွက်ရှိခဲ့တာဖြစ်ပြီး အခုမတ်လမှာတော့ နယ်လိုင်စင်ရပြီးသားကားတွေကိုလည်း ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ် အရေအတွက်တစ်ခုအထိပြန်လည်ခွင့်ပြုပေးမယ်ဆိုတဲ့သတင်းထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ နယ်လိုင်စင်ရ ပြီး Brand New ကားတွေအတွက်သာ ဖြစ်ပါတယ်။ နယ်လိုင်စင်ရပြီး ကားအဟောင်းလေးတွေအတွက်ကတော့ စဉ်းစားဖို့အစီအစဉ်ဆွဲနေဆဲပါ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်​ကုန်​လိုင်​စင်​စနစ်​ခွင့်ပြုရန်​ တာဝန်​ယူလုပ်​​ဆောင်​နေသူ အရာရှိကြီးတစ်​ဦးကလည်း အောက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ကားအသစ်တွေကိုဉီးစားပေးပြီးမှ နယ်လိုင်စင် Brand New ကားတွေကိုအရေအတွက်တစ်ခုပေးမှာပါ။ အဓိက က ကားအသစ်တင်သွင်းထားတဲ့သူတွေကိုပဲ စဉ်းစားတာပါ။ ကားဟောင်းတွေကို အရေအတွက်တစ်ခုပေးဖို့နောက်မှ စဉ်းစားမှာ၊ ဒါကလည်း မှတ်ပုံတင်လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တွေနဲ့ပြန်ဆွေးနွေးရမှာပါ။”

နယ်လိုင်စင် Brand new ကားတွေထက် အသစ်တင်သွင်းထားတဲ့ ကားအသစ်တွေကို အများကြီးဉီးစားပေးထားတာကို ဒီပြောကြားချက်ကနေသိရှိနိုင်မှာပါ။ နောက်တစ်ခုက နယ်လိုင်စင်ကားများအနေနဲ့ ရန်ကုန်လိုင်စင် YVQC လက်မှတ်ဝယ်ယူပြီးရင်တော့ YGN အက္ခရာပြောင်းလဲမှုကို ဒီနှစ်အတွင်းမှာခွင့်ပြုမှာမဟုတ်တဲ့အကြောင်းလည်း သတင်းထွက်ရှိနေပြန်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *