August 15, 2018

We ❤️ New Cars!

New Car News in Burmese

BMW Myanmar ဟာတော့ မတ်လ ၅ ရက်နေ့ လာမယ့် စနေနေ့မှာ Test Drive Event တစ်ခု စတင်ကျင်းပသွားဖို့ရှိတယ်လို့ကြေညာလိုက်ပြီဖြစ်ပါတယ်။ Event မှာ BMW ရဲ့ မော်ဒယ်အသစ်ကလေးတွေကိုလေ့လာနိုင်ရုံသာမက စမ်းသပ်မောင်းနှင်ခွင့်ပါရှိဉီးမှာဖြစ်တာကြောင့် ထူးခြားလှတဲ့ အတွေ့ကြုံတစ်ခုကို ရရှိသွားမှာတော့ အသေအချာပါပဲ။

ပွဲမှာမြင်တွေ့ရမယ့် BMW ကားမော်ဒယ်တွေကတော့ BMW 2 Series Gran Tour, BMW 3 Series Sedan, BMW 5 Series အသစ်, BMW X3 အသစ်, BMW X5 တို့ပဲဖြစ်ပါတယ်။ ဖော်ပြထားတာ ကားမော်ဒယ်တွေထဲက မိတ်ဆွေမောင်းချင်တဲ့ မော်ဒယ်တစ်ခုကို ရွေးချယ်ပြီးမောင်းနှင်နိုင်မှာပါ။ BMW Test Drive Event ကနေတဆင့် သွားရောက်စာရင်းပေးသွင်းရမှာဖြစ်ပြီး မိတ်ဆွေစမ်းသပ်မောင်းနှင်မယ့် ကားမော်ဒယ်ကိုပါ တစ်ပါးတည်းရွေးချယ်ရမှာဖြစ်ပါတယ်။

မေလ ၅ ရက်နေ့ နဲ့ ၆ ရက်နေ့၊ မေလ ၁၂ ရက်နေ့ နဲ့ ၁၃ ရက်နေ့ ဆိုပြီး Event ကို ၄ ရက်တိုင်တိုင်ကျင်းပသွားမှာပါ။ ကျင်းပမယ့်ရက်တွေက Weekends တွေကြီးပဲဆိုတော့ သွားရတာတော်တော်လေးအဆင်ပြေမှာဖြစ်ပါတယ်။ (Weekends မှာဘယ်သွားရမလဲ Plan မရှိရင် Test Drive Event မှာသွားငြိမ့်လိုက်ပါ 🤣) ပွဲကျင်းပမယ့်အချိန်ကတော့ နံနက် ၉ နာရီ ကနေ ညနေ ၅ နာရီ အထိဖြစ်ပြီး ပွဲရဲ့တည်နေရာကတော့ အမှတ် (၄၈၅)၊ ပြည်လမ်း နှင့် နာနတ်တောလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ မှာပဲဖြစ်ပါတယ်။

BMW ရဲ့ Sheer Driving Pleasure ကိုခံစားချင်ကြသူတိုင်းသွားသင့်တဲ့ Event တစ်ခုပါ။ ပွဲမသွားခင် သတိထားရမှာတစ်ခုက လိုင်စင် မမေ့ကျန်ခဲ့ဖို့ပါပဲ။ လိုင်စင်မေ့ခဲ့ရင်တော့ Test Drive အစီအစဉ်မှာ ပါဝင်နိုင်ဖို့မသေချာတော့ပါဘူး။

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories