May 22, 2018

We ❤️ New Cars!

New Car News in Burmese

BMW group အနေနဲ့ electrified vehicle ပေါင်း တစ်သိန်းကျော်ကို ၂၀၁၇ အတွင်းမှာရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ BMW အနေနဲ့ နှစ်အစောပိုင်းလောက်ကတည်းက electrified vehicle ပေါင်း တစ်သိန်းကို ဒီနှစ် ၂၀၁၇ အတွင်းမှာရောင်းချမှာဖြစ်တယ်လို့ အစီအစဉ်ချပြီး ကြေညာခဲ့တာပါ။ အခုတော့ သူတို့ရဲ့ အစီအစဉ်အတိုင်း Sale Target ကတကယ်ဖြစ်လာခဲ့ပါတယ်။ အစီအစဉ်အတိုင်း Sale Target ကတကယ်ဖြစ်လာတာကြောင့် BMW Tower ကြီးမှာလှပ လှတဲ့ LED မီးတွေတပ်ဆင်ထားတာကိုလည်း တွေ့ရမှာပါ။

BMW ရဲ့စီမံခန့်ခွဲမှုအပိုင်းမှာအကြီးအကဲတစ်ဉီးဖြစ်တဲ့ Harald Kruger ဆိုသူကအောက်မှာဖော်ပြတဲ့အတိုင်းပြောကြားခဲ့တာပါသေးတယ်။

  “At the beginning of the year, we announced we would like to sell 100,000 electrified vehicles in 2017 and today is the big day!”

ဟုတ်ပါတယ်၊ Sale Target ပြည့်မှီတာကိုသိရှိရတဲ့ နေဖြစ်ခဲ့တာကြောင့် သူ့အနေနဲ့ တကယ့်ကို Big Day ပါပဲ။ ဒီရလဒ်ဟာ သူတို့ရဲ့ Electro-mobility အပေါ်စောစောအာရုံစိုက်ပြီးလုပ်ဆောင်မှုရဲ့ အကျိုးကျေးဇူးသာဖြစ်ပါတယ်။ Electrified Vehicle တစ်သိန်းရောင်းချနိုင်မှုဟာ BWM group အတွက် Milestone တစ်ခုကိုပြီးမြှောက်သွားတာ ဖြစ်သလို နောက်ထပ် Milestone တစ်ခုကိုခြေလှမ်းစတင်အချိန်လည်းဖြစ်ပါတယ်။

 


နောက်ထပ် Milestone တစ်ခုကတော့ ၂၀၂၅ ခုနစ်မှာ Electric နဲ့ Plug-in hybrid model ၂၅ မျိုးကို တစ်ကမ္ဘာလုံးမှာဖြန့်ချီနိုင်ဖို့ပါ။ အနီးစပ်ဆုံးကတော့ နောက်နှစ် ၂၀၁၈ မှာထွက်ရှိမယ့် BMW i8 Roadster ပဲဖြစ်ပါတယ်။ ၂၀၂၀ မှာ BMW X3, ၂၀၂၁ မှာ BMW iNext model တွေပဲဖြစ်ပါတယ်။ အခုဖော်ပြခဲ့တဲ့ ကား model တွေကတော့ ဒီကြားထဲ BMW corp ကထွက်ရှိမယ့် ကားတွေပါ။ ကျွန်တော် သိထားသလောက်ပဲဖော်ပြထားတာဖြစ်တာကြောင့် ကျန်ခဲ့တာရှိရင်လည်း Comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

၂၀၂၅ ခုနစ်မှာ BMW group အနေနဲ့ ချမှတ်ထားတဲ့ Milestone ရောက်ရှိ/မရှိ ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ BMW group တင်မကပဲ တခြား automaker တွေရဲ့ စိတ်ဝင်စားစရာအချက်တွေ ရှိရင်လည်း ဒီ website ကတင်သွားဖို့ အစီအစဉ်ရှိတာကြောင့် ဆက်လက်စောင့်ကြည့်ကြဖို့ဖိတ်ခေါ်ပါတယ်။

 

 

 

 

 

 

Source : just-auto

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories