August 19, 2018

We ❤️ New Cars!

New Car News in Burmese

မေလတုန်းက BMW ဟာ ရန်ကုန်မြို့မှာ Test Drive အစီအစဉ်ကို နှစ်ပတ်တာကျင်းပခဲ့ပြီး အခုဆိုရင်တော့ မန္တလေးမြို့မှာ Test Drive အစီအစဉ်ကို ကျင်းပနေပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကပဲ မန္တလေးမြို့ကြီးမှာ Test Drive အစီအစဉ်ရဲ့ ဒုတိယမြောက်နေ့ကိုကျင်းပခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိကျင်းပမှုဟာ ဒုတိယမြောက်အပတ် ဖြစ်ပြီး လာမယ့် ဇွန်လ ၁၇ ရက်နေ့ (တနင်္ဂနွေ) အထိကျင်းပသွားမှာပဲဖြစ်ပါတယ်။ Test Drive အချိန်ကိုတော့ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိသတ်မှတ်ထားပါတယ်။

Test Drive မှာမိတ်ဆွေမောင်းနှင်နိုင်မယ့် BMW ကားမော်ဒယ်တွေကတော့ BMW 2 Series Gran Tour, BMW 5 series အသစ်, BMW X3 အသစ်နဲ့ BMW X5 တို့ဖြစ်တယ်လို့ သိရပါတယ်။  အချိန်ကာလ ၁ ပတ်လောက်ကျန်နေသေးတာကြောင့် မိတ်ဆွေအနေနဲ့ Test Drive အစီအစဉ်ကိုသွားရောက်ပြီး BMW ရဲ့ Sheer Driving Pleasure ကိုခံစားချင်တယ်ဆိုရင်တော့ ဒီကနေ တဆင့် သွားရောက်စာရင်းပေးသွင်းရမှာပဲဖြစ်ပါတယ်။

Sheer Driving Pleasure ကိုအပြည့်အဝခံစားနိုင်ဖို့ မိတ်ဆွေအနေနဲ့ သတိထားရမှာတစ်ခုက လိုင်စင်မမေ့ကျန်ခဲ့ဖို့ပါပဲ။ လိုင်စင်မေ့ကျန်ခဲ့ရင်တော့ Test Drive အစီအစဉ်မှာ ပါဝင်နိုင်ဖို့မသေချာတော့ပါဘူး။ မန္တလေးက BMW ကားချစ်သူတွေသွားရောက်လည်ပတ်ဝယ်ယူနိုင်အောင် Automyanmar ကသတင်းပေးလိုက်ပါတယ်နော်။

 

Source (BMW)

Auto News

Leave a Reply

Your email address will not be published. Required fields are marked *